သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးပါဆယ်ထုပ် ပေးပို့သူ မကြာခင် ဖော်ထုတ်နိုင်မည်


ဗုံးပေးပို့နေမှုတွေနဲ့ပတ်သက်လို့ နယူးယောက်က တာဝန်ရှိသူတွေရဲ့ သတင်းစာရှင်းလင်းပွဲ ( အောက်တိုဘာ ၂၅-၂၀၁၈)
ဗုံးပေးပို့နေမှုတွေနဲ့ပတ်သက်လို့ နယူးယောက်က တာဝန်ရှိသူတွေရဲ့ သတင်းစာရှင်းလင်းပွဲ ( အောက်တိုဘာ ၂၅-၂၀၁၈)

အမေရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ ဒီမိုကရက်ပါတီဝင်တွေနဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ဝေဖန်ပြောဆိုသူတွေဆီ ပိုက်လုံးဗုံးတွေ ပို့တဲ့သူ ဘယ်သူဆိုတာ မကြာခင်မှာ ဖော်ထုတ်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

နယူးယောက်မြို့ ရဲကော်မရှင်နာမင်းကြီး James O’Neillက “ဒီလုပ်ရပ်ကျူးလွန်သူတယောက် ဒါမှမဟုတ် အများကို ကျနော်တို့ ဖော်ထုတ် ဖမ်းဆီးပါမယ်” လို့ ကြာသပတေးနေ့လည်ပိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

အခုချိန်ထိ ဖော်ထုတ် တားဆီးလိုက်နိုင်သမျှ “ဖောက်ခွဲရေးပစ္စည်းလို့ သံသယရှိတဲ့အထုပ်တွေ” အားလုံးကို ဗာဂျီးနီးယား ပြည်နယ်၊ Quantico မြို့၊ အမေရိကန် မရိန်းတပ်စခန်းထဲက FBI ဓာတ်ခွဲခန်းကို ပို့လိုက်ပြီးပြီလို့ ရဲမင်းကြီး O’Neill က ပြောပါ တယ်။

ဒီလိုလုပ်ရပ်မျိုးဖြစ်လာတာဟာ အမေရိကန်နိုင်ငံမှာ ဒေါသသင့်တဲ့ နိုင်ငံရေးဝန်းကျင်မျိုး ရှိနေတာကြောင့်ဖြစ်တယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။ အဲဒီလိုဝန်းကျင်မျိုး ရှိလာတာဟာ သတင်းမီဒီယာတွေကြောင့် ဖြစ်တယ်လို့ သမ္မတထရမ့်ပ်က ပြစ်တင် ပြောဆိုပါတယ်။

သံသယဖြစ်ဖွယ်အထုပ်တွေကို လိပ်မူထားသူတွေထဲမှာ သမ္မတဟောင်း ဘရာ့ခ် အိုဘားမား၊ ဒုတိယသမ္မတဟောင်း ဂျိုး ဘိုင်ဒန်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်၊ ရှေ့နေချုပ်ဟောင်း Eric Holder ၊ ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် နှစ်ဦး၊ CIA ညွှန်ကြားရေးမှူးဟောင်း John Brennan ၊ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo နဲ့ ဟောလီးဝုဒ် ရုပ်ရှင်မင်းသားကြီး Robert De Niro တို့ပါဝင်ပါတယ်။ သူတို့အားလုံးဟာ သမ္မတထရမ့်ပ်ကို ဝေဖန် ပြောဆိုထားသူတွေချည်း ဖြစ်ကြပါတယ်။

ဗုံးပါဆယ်ထုပ် ပေးပို့သူ မကြာခင် ဖော်ထုတ်နိုင်မည်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG