သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရေး ရက်(ပ်) သီချင်းအတွက် အရေးယူခံရမလား


ထိုင်းစစ်မှုထမ်းတဦး
ထိုင်းနိုင်ငံက ရက်ပ်ပါ ဂီတသမားတွေဟာ လက်ရှိစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့စာသားတွေပါတဲ့ သီချင်းဗွီဒီယိုကို အွန်လိုင်းကနေ ဖြန့်လိုက်တဲ့အတွက် သူတို့ကို အရေးယူဖို့ ထိုင်းရဲတပ်ဖွဲ့တို့လုပ်ဆောင်နေပါတယ်။ ၂၀၁၄ ခုနှစ်က ဒီမိုကရက်အစိုးရကို ဖယ်ရှားပြီး စစ်အာဏာသိမ်းခဲ့တဲ့ ထိုင်းဗိုလ်ချုပ်ကြီးတွေဟာ သူတို့နဲ့ သဘောထားမတူသူတွေကို တင်းကြပ်စွာ ဖိနှိပ်ထားပေမယ့် ဂီတနဲ့ အနုပညာကတဆင့် ထွက်လာတဲ့ ဝေဖန်မှုတွေကိုတော့ အလွယ်တကူ ထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။ အဲဒီလို ဝေဖန်မှုတွေပါတဲ့ ဂီတအနုပညာဟာ နိုင်ငံရေးအရ ထိရောက်မှုတော့ သိပ်မရှိလှပါဘူး။
"Prathet Ku Mee" (အဲတာ.. ငါ့တိုင်းပြည်) ဆိုတဲ့ သီချင်းကို Youtube ပေါ်မှာ အောက်တိုဘာလ ၂၂ ရက်နေ့က တင်လိုက်တဲ့အချိန်ကစပြီး ကြည့်ရှုသူပေါင်း ၆.၄ သန်းရှိခဲ့သလို ထောင်နဲ့ချီတဲ့ မှတ်ချက် စကားတွေထွက်လာတဲ့အတွက် ထိုင်းအာဏာပိုင်တို့ သတိပြုမိသွားတာဖြစ်ပါတယ်။
ဒီကိစ္စဟာ ထိလွယ်ရှလွယ်ဖြစ်တဲ့အတွက် သူတို့ကို အရေးယူမလားဆိုတာ စုံစမ်းရေးမှုး တွေစဉ်းစားနေတယ်လို့ နည်းပညာဆိုင်ရာ ရာဇ၀တ်မှု နှိမ်နှင်းရေးဌာန ပြောခွင့်ရသူ Siriwat Deephor ဆိုပါတယ်။ အဲဒီဗွီဒီယိုကို တဆင့်ပြန်ဖြန့်တဲ့သူတွေကိုပါ အရေးယူမလားဆိုတာ စဉ်းစားရမယ်လို့လည်း သူကပြောပါတယ်။ ဒီလုပ်ရပ်ဟာ အွန်လိုင်းပေါ်က သဘောထားကွဲပြားသူတွေကို နှိမ်နှင်းတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ဖြစ်ပြီး ထောင်ဒဏ် ၅ နှစ်ထိ ချခံရနိုင်တယ်လို့ အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG