ကိုမျိုးဝင်းဟာ မြန်မာနိုင်ငံဘာသာရေးလွတ်လပ်ခွင့် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အလားတူစွာပဲ ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ကချင်တိုင်းရင်းသူ ဆိုင်းရော်စွန်ဖေါင် က အမေရိကန် အထက်လွှတ်တော် အမတ်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ် သူတို့ရဲ့ တင်ပြချက်တွေနဲ့ ရရှိတဲ့ တုန့်ပြန်ချက်တွေကို မအေးသန္တာကျော်က တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။