သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးသေဆုံးမှု သံသယရှိသူနှစ်ဦး နယူးယောက်ရဲ ဖမ်းဆီး

ကွယ်လွန်သူ ဒေါ်ကြည်မာသိန်း။ (ဖေ့စ်ဘုတ်)
ကွယ်လွန်သူ ဒေါ်ကြည်မာသိန်း။ (ဖေ့စ်ဘုတ်)

အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့ Brooklyn အရပ်က နေအိမ်တိုက်ခန်းမှာ ဇူလိုင်လက မြန်မာနွယ်ဖွား သူနာပြုဆရာမ ဒေါ်ကြည်မာသိန်း အသတ်ခံရတဲ့အမှုနဲပတ်သက်လို့ သံသယရှိသူ အမျိုးသမီးတဦးနဲ့ အမျိုသားတဦးတို့ကို ဖမ်းဆီးလိုက်တဲ့အကြောင်း နယူးရောက်ရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် Annika Cansino နဲ့သူရဲ့ရည်စားဖြစ်သူ နယူးရောက်အရှေ့ပိုင်းမှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် Alexander Alberda တို့ကို ချုပ်နှောင်ထားမှု၊ လူသတ်မှုတွေနဲ့ တရားစွဲတင်လိုက်တဲ့အကြောင်း ကြာသပတေးနေ့မှာ ရဲတပ်ဖွဲ့ကပြောပါတယ်။

Suny Downstate ဆေးရုံမှာ အလုပ်လုပ်တဲ့ အသက် ၅၈ နှစ်အရွယ် သူနာပြုဆရာမ ဒေါ်ကြည်မာသိန်းရဲ့ အလောင်းကို သူ့အိပ်ခန်းတွင်း ဘီရိုထဲမှာ အိပ်ရာခင်းနဲ့ထုတ်ပြီး ထည့်ထားတာကို ဇူလိုင်လ ၂၁ ရက် အစောပိုင်းမှာ ရဲတွေက တွေ့ခဲ့တာပါ။

အဲဒီရက်မတိုင်ခင် သုံးရက်ကတည်းက ဒေါ်ကြည်မာသိန်း အလုပ်လာမဆင်းတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တဦးက ရဲကို အကြောင်းကြားခဲ့ရာကနေ နေအိမ်တိုက်ခန်းကို ရဲက သွားရောက်စစ်ဆေးတဲ့အခါ ဒေါ်ကြည်မာသိန်းအလောင်းကို တွေ့ခဲ့တာပါ။

ဒေါ်ကြည်မာသိန်း အသတ်ခံရမှုမှာ သူ့တိုက်ခန်းမှာ အတူလာနေတဲ့ Suny Downstate ဆေးရုံက သူနာပြုဖြစ်တဲ့ Annika Cansino နဲ့ ရည်းစားဖြစ်သူ တို့ကို ရဲဘက်က သံသယရှိခဲ့ပြီး ရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

နယူးရောက်ရဲက ဖမ်းဆီးထားတဲ့ သံသယရှိသူ အမျိုးသမီးကို အရင်က ဒေါ်ကြည်မာသိန်းက ကူညီတဲ့အနေနဲ့ သူ့တိုက်ခန်းမှာလာနေဖို့ ခေါ်ထားတာ ဖြစ်တယ်လို့ ဒေါ်ကြည်မာသိန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူ ဒေါ်ကြည်မာသိန်းဟာ စိတ်သဘောထားကောင်းမွန်ပြီး အေးအေးဆေးဆေးရှိသူတဦး ဖြစ်တယ်လို့ အိမ်နီးချင်းတွေက AP သတင်းဌာနကို ပြောတာကို သတင်းတွေမှာ ကိုးကားဖော်ပြကြပါတယ်။

မြန်မာအမျိုးသမီးသေဆုံးမှု သံသယရှိသူနှစ်ဦး နယူးယောက်ရဲ ဖမ်းဆီး
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG