သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ တရားမဝင်ရောက်ရှိသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ဖမ်းဆီးခံရ


မလေးရှားနိုင်ငံ Port Dickson က ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ
မလေးရှားနိုင်ငံ Port Dickson က ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ

မလေးရှား နိုင်ငံဆလန်ကောလူဝင်မှုကြီးကြပ်ရေးဗျူရိုက ထုတ်ပြန်ချက်အရ အခုရက်ပိုင်းအတွင်း ဆလန်ကောပြည်နယ် စီးပွားရေးဇုံက စက်ရုံကြီးနှစ်ရုံကို လဝက နဲ့ရဲ
တပ်ဖွဲ့တွေ ပူးပေါင်းပြီး အော်ပရာစီ လို့ခေါ်တဲ့ စီမံချက် အနေနဲ့ ဝင်ရောက်စစ်ဆေးခဲ့ရာမှာ နိုင်ငံခြားသားအလုပ်သမား၆၆၅ဦးဟာတရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့အတွက်ဖမ်းဆီးစစ်ဆေးခဲ့ရာမှာဒီထဲမှာမြန်မာနိုင်ငံသား ၁၅၀ကျော်ပါဝင်တယ်လို မလေးအာဏာပိုင်တွေက ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးမာ ကသတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ နိုဝင်ဘာလ လဆန်းပိုင်းကစပြိး အဖမ်းအဆီးတွေလုပ်ရာမှာ မြန်မာတွေ အလုပ်လုပ်ကိုင်နေတဲ့ ဆလန်ကောပြည်နယ်အတွင်းက စက်ရုံတွေကိုဝင်ရောက်ဖမ်းဆီးခဲ့တာပါ ဒီထဲမှာမြန်မာတွေ ရာဂဏန်းနဲ့ အဖမ်းအဆီးခံခဲ့ရပါတယ် မလေးရှားနိုင်ငံ မြန်မာသံရုံးကိုကိုယ်စားပြုပြီး ထိမ်းသိမ်းရေးစခန်းတွေက မြန်မာတွေကိုသွားရောက်ကူညီပေးနေတဲ့ ကိုသီဟမောင်မောင်ကတော့ အခုလိုပြောပြပါတယ်။

“ကြိုကြားကြိုကြားဖမ်းနေတာ။ ဆလန်ကောဆိုတာ ပြိးခဲ့တဲ့ရက်ကတော့ Panasonic TVတွေလုပ်တဲ့စက်ရုံမှာ တော့လူ၂၀၀လောက်ပါသွားတယ်။ နိုင်ငံခြားသားတွေကို ဖမ်းတာပေါ့ မြန်မာတွေ လည်းပါတယ် အဓိကတော့စက်ရုံအကြီးကြီးတွေကို ဝင်တယ် သူတို့သတ်မှတ်ထားတဲ့ အိုဗာစတေး (နိုင်ငံကူးလက်မှတ်ဗီဇာသက်တမ်းလွန်)တဲ့ သူတွေနဲ့အဓိက လည်ပတ်နေတဲ့စက်ရုံတွေပေါ့။”

မလေးရှားနိုင်ငံရဲ့တရားမဝင် အလုပ်သမားဆိုင်ရာ ဥပဒေ ပုဒ်မ၂၁ အရ
ညှိစွန်းနေကြသူ တွေမှာ မြန်မာနိုင်ငံသား ၁၅၆ ဦး၊ ဘင်္ဂလားဒေရု် ၈၄ဦး ၊အင်ဒိုနီးရှား ၂၅ ဦးနဲ့ ကျန်အလုပ်သမားတွေဟာ အန္ဒိယ နဲ့ ပါကစ္စတန် နိုင်ငံသားတွေဖြစ်တယ်လို့ မလေးအာဏာပိုင်တွေကဆိုပါတယ်။

မြန်မာတွေကတော့ များသောအားဖြင့် အလည်ဗီဇာတွေနဲလာပြိး အလုပ်လုပ်ကိုင်နေကြတာတွေ အလုပ်လုပ်ခွင့်လက်မှတ်တွေမရှိပဲအလုပ်လုပ်နေကြတာတွေကြောင့် ဖမ်းဆိးခံရတာဖြစ်တယ်လို့ ကိုသီဟမောင်မောင်ကဆိုပါတယ်။

“များသောအားဖြင့် အဲဒီမှာလုပ်နေသူတွေက တရားမဝင်တဲ့သူတွေများတယ် လေ တရားမဝင်တဲ့သူတွေကိုပဲအဓိက စီစစ်တာပေါ့။ ဆိုလိုတာကပတ်စပို့တွေနဲ့ ဝင်လာတယ် အလည်ဗီဇာတွေနဲ့ဝင်လာတာယ် ပါမစ်မရှိကြဘူးတချို့ကတော့ မလေးရှားမှာနေတာကြာပြီပေါ့နော် ပတ်စပို့တော့ရှိတယ်။ ပါမစ်မရှိကြဘူး။ အဲဒီလို လူမျိုးတွေကိုပဲအဓိက ထားဖမ်းတာ။”

နိုင်ငံခြားသားအလုပ်သမားတွေမှာ အသက်၁၈ နှစ်မပြည့်သေတဲ့ လူငယ်တွေပါပါဝင်နေပြီး တချိုကတော့ လူကုန်ကူးသူတွေနဲ့လာကြပြိး မလေးရှားနိုင်ငံထဲမှာ တရားမဝင်အလုပ်လုပ်နေကြသူများဖြစ်ကြတယ်လို့ဆိုပါတယ်

မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေ စစ်ဆေးဖမ်းဆီးမှုတွေ ပိုများလာနေတာပြီး ကွာလာလမ်ပူ မြို့က အကြီးဆုံး ကုန်စိမ်းဒိုင် မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ဝင်ရောက် ဖမ်းဆီးတဲ့အခါမှာ ဖမ်းဆီးတဲ့ အရာရှိတွေကို မြန်မာနိုင်ငံသားတဦးက ငြုပ်ကောင်းစပရေးဗူး နဲ့စက္ကူဖြတ်ဓါးကို သုံးပြီး့ ပြန်လည်တိုက်ခဲ့လို့ လေးဦးဒဏ်ရာရသွားခဲ့တယ်လို့ မလေးရှားနိုင်ငံ sinarharianသတင်းမှာဖေါ်ပြထားပါတယ်။

မြန်မာ အလုပ်သမားလူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွန်ကြားမူဦးစီးဌာနရဲ ့ စာရင်းအရ မလေးရှားမှာ တရားဝင်အလုပ်လုပ်နေကြသူ အလုပ်သမားပေါင်း ၂ သိန်းကျော်ရှိပြိး တခြားနည်းလမ်းတွေနဲ့ မလေးရှားကိုရောက်သွားသူအားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅ သိန်း ထက်မနည်းရှိတယ်ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ တရားမဝင် နေထိုင် အလုပ်လုပ်နေကြသူ သိန်းနဲ့ချီရှိပါတယ်ရှင်။

XS
SM
MD
LG