သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဇူကီးဖလား မြန်မာ ပွဲဦးထွက်အနိုင်ရ

ဆူဇူကီးဖလား မြန်မာ ပွဲဦးထွက်အနိုင်ရ (Myanmar Football Federation)
ဆူဇူကီးဖလား မြန်မာ ပွဲဦးထွက်အနိုင်ရ (Myanmar Football Federation)

၂၀၁၈ အရှေ့တောင်အာရှ အာဆီယံ ဆူဇူူကီးဖလားဘောလုံးပွဲမှာတော့ မြန်မာအသင်းက ပွဲဦးထွက်အနိုင်ရသွားပါတယ်။ မြန်မာအသင်းဟာ အုပ်စု အဖွင့်ပွဲစဉ်အဖြစ်နဲ့ ကမ္ဘောဒီးယားအသင်း နဲ့ မန္တလေးမြို့က မန္တလာသီရိအားကစားကွင်းကြီးမှာ ကစားကြတာမှာ မြန်မာက ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ကမ္ဘောဒီးယားအသင်းက ဂိုးအရင်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ ကမ္ဘောဒီးယားက ၁ ဂိုး ဂိုးမရှိ နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ကမ္ဘောဒီးယားအသင်းကလည်း ဒီပွဲမှာ မြန်မာဘက်ကို အပြန်အလှန်တိုက်စစ်ဆင်ကစားပြီး ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် မြန်မာဂိုးသမား လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ ဂိုးမရခဲ့ဘဲ မြန်မာအသင်းက ဒုတိယပိုင်းမှာ ၄ ဂိုး ပြန်သွင်းခဲ့လို့ နောက်ဆုံးမှာ မြန်မာအသင်းက ၄ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး ၃ မှတ် ယူနိုင်ခဲ့ပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ လှိုင်းဘိုဘိုက ၂ ဂိုး ၊ သန်းထက်အောင် နဲ့ စည်သူအောင်တို့က ၁ ဂိုးစီ သွင်းခဲ့တာဖြစ်ါတယ်။

အုပ်စု A မှာတော့ မြန်မာအသင်း နဲ့ အတူ ဗီယက်နမ် ၊ မလေးရှား၊ ကမ္ဘေားဒီးယား ၊ လာအိုတို့ ပါဝင်ပြီး၊ အုပ်စု (B) မှာတော့ လက်ရှိချန်ပီယံ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ တီမောလက်စတေတို့ ပါဝင်ပါတယ်။

မြန်မာအသင်းဟာ ၁၆ ရက်နေ့မှာတော့ လာအို အသင်းကို အဝေးကွင်းမှာ သွားကစားမှာဖြစ်ပြီး ၊ ၂၀ ရက်နေ့မှာတော့ ဗီယက်နမ်အသင်း နဲ့ ရန်ကုန်မှာ ကစားမှာပါ။ အဲဒီနောက် ၂၄ ရက်နေ့မှာတော့ - မလေးရှားအသင်း နဲ့ ကွာလာလမ်ပူမြို့မှာ အုပ်စု နောက်ဆုံးပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။

ဆူဇူကီးဖလား မြန်မာ ပွဲဦးထွက်အနိုင်ရ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG