သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်မယ့်အစီအစဉ်ဖြစ်မဖြစ် (တိုက်ရိုက်လေလှိုင်း)


Bangladesh Rohingya Daily Life
Bangladesh Rohingya Daily Life

နိုဝင်ဘာလ ၁၃၊ ၂၀၁၈။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာရောက်နေတဲ့ သိန်းဂဏန်းရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်မှာ၊ အခု နိုဝင်ဘာလ ၁၅ ရက်နေ့ကျရင်တော့ ဒုက္ခသည် နှစ်ထောင်ကျော် ပြန်လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ အစိုးရက စီစဉ်နေပါတယ်။ ဒီ စာရင်းမှာပါတဲ့ ဒုက္ခသည်အချို့ကတော့ သူတို့ရဲ့ စိုးရိမ်မှုတွေကြောင့် နေရပ်ပြန်ရေး မလုပ်လိုကြပါဘူး။ ကုလသမဂ္ဂဖက်ကလည်း ဒုက္ခသည်တွေကို အတင်းအကြပ်နေရပ်ပြန်ပို့ရေးမလုပ်ဖို့နဲ့၊ လက်ရှိအနေအထားမှာ နေရပ်ပြန်ရေး မဖြစ်နိုင်သေးဘူးလို့ ပြောနေပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ် ဘယ်လောက်ဖြစ်နိုင်ချေရှိမရှိ နဲ့ မြန်မာအစိုးရကြုံရဖွယ်ရှိတဲ့ အခက်အခဲတွေကို အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ တင်ဆက်ထားပါတယ်။

သတင်းစာဆရာ ဦးစည်သူအောင်မြင်က ပင်တိုင်ဆွေးနွေးထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်နေရပ်ပြန်ရေးအစီအစဉ် ဖြစ်မဖြစ် (တိုက်ရိုက်လေလှိုင်း)
please wait

No media source currently available

0:00 0:21:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG