သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည် ၁၀၆ ဦး ကျောက်တန်းမြို့ တော်ခန်းမမှာ ထိန်းသိမ်းထား


လှေစီးပြေး ဒုက္ခသည်တွေကို ကျောက်တန်းမှာ ထိန်းသိမ်းထား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ဒုက္ခသည်စခန်းတွေကနေ လွန်ခဲ့တဲ့ ရက် ၂၀ ကျော် လောက်ကတည်းက လှေနဲ့ထွက်လာကြသူ အမျိုးသား၊ အမျိုးသမီး၊ ကလေး စုစုပေါင်း အယောက် ၁၀၀ ကျော်ဟာ အခုတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၊ ရွှေမှော်ဝန်းမြို့တော်ခန်းမမှာ ရောက်သွားကြပါပြီ။

သူတို့ကို တာဝန်ရှိသူတွေက အစားအစာကျွေး၊ ကျန်းမာရေး ကုသစောင့်ရှောက်မှုတွေ ပေးပြီး သူတို့လာတဲ့ သက်ဆိုင်ရာ ဒုက္ခသည်စခန်းတွေဆီကို ပြန်ပို့မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်ရက်မှာ ပြန်ပို့မယ်ဆိုတဲ့ အတိအကျကိုတော့ မသိရသေးပါဘူး။

သူတို့ဟာ မလေးရှားကိုသွားဖို့ ထွက်လာကြတာဖြစ်ပြီး ပင်လယ်ပြင်တွင်း မုန်တိုင်းမိပြီးတဲ့နောက် လောင်စာဆီ ပြတ်တောက်သွားတဲ့အတွက် ပင်လယ်ထဲမှ မျောနေခဲ့တာပါ။ အဲဒီကနေ မြန်မာ့ပင်လယ်ပြင်တွင်း ရောက်လာပြီး ဒီကနေ့မနက် လင်းအားကြီးပိုင်းမှာ ရေလုပ်သားတဦးက အဲဒီလှေကိုတွေ့ပြီး တာဝန်ရှိသူတွေကို အကြောင်းကြားတာကြောင့် ရေတပ်သင်္ဘောက သွားဆွဲယူလာပြီး သံတဲကို ရောက်လာကြတာဖြစ်ပါတယ်။

သူတို့တွေ မလေးရှားကို သွားဖို့အတွက် လူမှောင်ခိုကူးသူတွေကို အမျိုးသား အမျိုးသမီး တဦး ကျပ်ငွေငါးသိန်း၊ ကလေးတဦး ကျပ်ငွေ ၂ သိန်း ပေးရတယ်လို့ ပြောတဲ့အကြောင်း တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG