သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားမီး ၆၀ ကျော်သေ ၆၀၀ ကျော်ပျောက်ဆုံး


ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်တဲ့ တော်မီးကို အတော်လေး ထိန်းချုပ်ငြိမ်းသတ်လာနိုင်နေချိန်မှာ၊ သေဆုံးသူက အနည်းဆုံး ၆၃ ဦး ရှိပြီး၊ နောက်ထပ်လူပေါင်း ၆၀၀ ကျော်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

Camp Fire လို့လူသိများတဲ့ ဒီတောမီး လူ ၂၇၀၀၀ နေတဲ့ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက ပါရာဒိုက်(စ်) မြို.ထဲ အလျှင်အမြန်ကူးစက်သွားအပြီး တပတ်အကြာအထိ၊ ကယ်ဆယ်ရေးသမား ၅၀၀ ခန့်အနေနဲ့ ဒီမြို.တွင်းနဲ့ အနီးနားတဝိုက်က အပျက်အစီးပုံတွေထဲ ပျောက်ဆုံးနေသူတွေကို ဆက်ရှာဖွေနေကြပါတယ်။

ဒီတောမီးကြောင့် Paradise မြို.လေး တမြို့လုံးနီးပါး ပြာကျသွားခဲ့ပြီး အိမ်ပေါင်း ၉၇၀၀ အပါအဝင် အဆောက်အဦး ၁၂၀၀၀ နီးပါးပျက်စီးကာ နောက်ထပ် အဆောက်အဦးတွေကိုလည်း ထိခိုက်မှာ စိုးရိမ်နေရပါသေးတယ်။

ပျောက်ဆုံးနေသူ အများစုကတော့ မီလောင်နေရာကနေ ထွက်ပြေနေကြသူတွေ ပါနေပုံရပြီး သူတို့ကို ပျောက်ဆုံးကြောင်း ကြေညာထားတာကို သိပုံမရကြသေးပါဘူး။

Butte မြို. ရဲ့အရာရှိ Kory Honea က ဒီပျောက်ဆုံးနေတဲ့ လူတွေစာရင်းကို အများသိအောင်ကြေညာထားတာမို့ ဒီပျောက်နေတဲ့သူတွေ ဒါကိုတွေ့သွားရင် သူတို့ အသက်ရှင်ကျန်ရစ်နေကြောင်း အာဏာပိုင်တွေဆီ အကြောင်းကြားနိုင်လိမ်မယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယားမီး ၆၀ ကျော်သေ ၆၀၀ ကျော်ပျောက်ဆုံး
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG