သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး နောက်ပြန်မလှည့်ဖို့ ကော်မရှင်နဲ့ KNU ဆွေးနွေး


KNU အစည်းအဝေးကျင်းပ
KNU အစည်းအဝေးကျင်းပ

မြန်မာအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တစ်ဆို့နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးကော်မရှင်အနေနဲ့တဖွဲ့ချင်းအလွတ်သဘောတွေ့ဆုံနေရာမှာ ဒီကနေ့မှာတော့ NCA အပစ်ရပ် KNUကရင်အမျိုးသားအစည်းအရုံးနဲ့ ထိုင်းနိုင်ငံအတွင်းတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ဒီတွေ့ဆုံမှုမှာ NCA လုပ်ငန်းစဉ်ကနေ သွေဖယ်မသွားဘဲအမြန်ဆုံးတွေ့ဆုံသွားဖို့ နှစ်ဖက်လုံးကလက်ခံမှုတွေရှိခဲ့တယ်လို့ နှစ်ဖက်တာဝန် ရှိသူတွေကပြောပါတယ်။ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့KNU ကရင်အမျိုးသားအစည်းအရုံးတို့အကြား ဒီကနေ့တွေ့ဆုံမှုမှာ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်လည်အသက်ဝင်လာပြီး တရားဝင်ဆွေးနွေးပွဲများဆီ ပြန်သွားနိုင်ဖို့ သဘောတူခဲ့တယ် လို့ ငြိမ်းချမ်းရေးကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။

“နှစ်ဖက်လုံးကသွားနေတဲ့ကျွန်တော်တို့ NCAလမ်းကြောင်းပေါ့နော်။ NCA လမ်းကြောင်းကနေမသွေဖယ်ဘူးဆိုတာ နှစ်ဖက်လုံးကသဘောထားဆန္ဒခိုင်ခိုင်မာမာ ရှိတယ်။ အဲဒီတော့ဒီလမ်းကြောင်းကနေ သွေဖယ်မသွားအောင်ဒီလမ်း ကြောင်းမှာဖြစ်နေတဲ့အခက်ခဲတွေပေါ့နော်။ အဲဒီအပေါ်မှာဆွေးနွေးတယ်။ ဒီNCAလမ်းကြောင်းကိုပိုပြီးတော့ခိုင်မာ အောင်ပေါ့ နှစ်ဖက်ကအမြင်ကြည်ကြည်နဲ့ကြေကြေလည်လည်နဲ့သွားနိုင်ရင်တော့ပိုပြီးတော့မြန်ဆန်မယ်။ အဲဒီအ တွက် ကျွန်တော်တို့ဆွေးနွေးဖို့လိုတယ်လို့ ကျွန်တော်တို့လက်ခံတယ်။ နှစ် ဖက်လုံးကလဲအမြန်ဆုံး တွေ့ဆုံနိုင်ဖို့ ကျွန်တော်တို့လဲကြိုးပမ်းသွားမယ်။ နှစ်ဖက်လုံးကလဲ သူ့ဖက်ကိုယ့်ဖက်ပြန်တင်ပြရမယ်။ ပြန်တင်ပြပြီးရင်တော့ ကျွန်တော်တို့အမြန်ဆုံးတွေ့ဆုံသွားဖို့ အဲတာကိုတော့ကျွန်တော်တို့ကြိုးပမ်းသွားမယ်။"

KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ NCAလုပ်ငန်းစဉ်တွေမှာ အဆင် မပြေတဲ့အချက်တွေကို ဆွေးနွေးခဲ့တယ်လို့ အထွေထွေအတွင်းရေးမှူးပဒိုစောတဒိုမှူးကဆိုပါတယ်။

“ကျွန်တော်တို့ကအလွတ်သဘောဆွေးနွေးပွဲပေါ့လေ။ ကျွန်တော်တို့အဖြေရှာကြတာပေါ့။ ကျွန်တော်တို့KNUရဲ့ Position ကတော့ လောလောဆယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရဲ့အဓိကပင်မဖြစ်တဲ့ အဖြေအကောင်အထည်ဖေါ်မှုမှာ မတူညီတဲ့အဓိပါယ်ဖွင့်ဆိုမှုတွေ ကြောင့်ကျွန်တော်တို့ဒီလိုမျိုး အဆင်မပြေမှုလေးတွေကျွန်တော်တို့ ကြုံတွေ့ ရတဲ့ အချိန်မှာ ဒီဟာတွေကိုဆက်ပြီးအဖြေရှာသွားဖို့ ကျွန်တော်တို့ဆွေးနွေးကြတယ်။”

ပြီးခဲ့တဲ့နိုဝင်ဘာ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ဘားအံခရိုင် လေးဝါးစခန်း မှာကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး KNUအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရဲ့ တရားဝင်အစည်း အဝေးတွေမှာပါဝင်မှုကို ယာယီရပ်ဆိုင်းလိုက်ပြီး အလွတ်သဘောတွေ့ဆုံမှုလမ်းကြောင်းကနေ တဆင့်ဆွေးနွေး အဖြေရှာသွားမယ်လို့နိုဝင်ဘာလမှာသဘောထားထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့က အစိုးရ တပ်မတော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တို့ ထိပ်သီး တွေ့ဆုံမှုနောက်ပိုင်း KNU အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့သဘောထားအမြင်ပြောင်းလဲလာတာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲကို အစိုးရ PC ဘက်မှ ဒု- ဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း) ဦးဆောင်ပြီး KNUဘက်က အထွေထွေအတွင်း ရေးမှူး ပဒိုစောတဒိုမှူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကနေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

KNUနဲ့ အစိုးရတို့အကြားငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေတဲ့အပေါ် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ-ဒုဥက္ကဌ မန်းအောင်ပြည်စိုးကအခုလိုပြောပါတယ်။

“အခုဒီလိုတစ်ဆိုနေတဲ့ဟာကတော့ ကျွန်တော်တို့ကရင်နိုင်ငံရေးပါတီ တရပ်အနေနဲ့ကတော့မလိုလားဘူးပေါ့လေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ ဆက်ပြီးတော့ဖြစ်စေချင်တယ်။ သို့ပေမဲ့ ဒီဆွေးနွေးတာနဲ့ပက်သက်ပြီးတော့ တဘက် နဲ့တဘက် မကျေနပ်ချက်လေးတွေ နားလည်မှုတွေ မှားတာလေးတွေ ဖြစ်နေတဲ့အချိန်မှာ သူတို့ယာယီရပ်ဆိုင်းထားတာ။ တရားဝင်အစည်းအဝေးကနေပြီးတော့ အဲတာကိုလဲ ကျွန်တော်တို့ကတော့ နားလည်သဘောပေါက်ပေးတယ်။ ဆိုတော့ကာ တဖက်လဲလျှော့ပြီး နောက်တဖက်ကမလျှော့ဘူးဆိုလို့ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဒီလိုဘဲဆက်သွားနေမှာဘဲ။ ဆက်ရှုပ်ထွေးမှာဘဲကျွန်တော်တို့ကမြင်တယ်။”

KNUဟာ အစိုးရနဲ့NCAအပစ်ရပ်လက်မှတ်ရေးထိုးထားပေမဲ့ မြန်မာ့တပ်မတော်နဲ့မကြာခဏဆိုသလို ပစ်ခတ်တိုက် ခိုက်မှုတွေဖြစ်ပွါးနေပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ဖါးပွန်ခရိုင်၊ ခေးပူနဲ့ လယ်မူပလောအကြား လမ်းဖောက်လုပ်ဖို့ဆိုပြီး တပ်မတော်က စစ်တပ်အင်အား တိုးချဲ့လာသလို (KNU) တပ်မဟာ (၅)အကြား နှစ်ဖက်စစ်ရေးပဋိပက္ခတွေဖြစ်ပွါးခဲ့ပါတယ်။

NCAအပစ်ရပ်လက်နက်ကိုင်အင်အားကြီးအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးတို့ဟာ လက်ရှိသွားနေတဲ့ NCAလမ်းကြောင်းကို သံသယရှိလာလို့လဲ အစိုးရတပ်မတော်နဲ့ သီးခြား တွေ့ဆုံဖို့ တောင်းဆိုလာတာလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG