သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်တနိုင်ငံတည်းမူ ကန် ဆက်လက်အတည်ပြု


Summit APEC
Summit APEC

ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ One China Policy - တရုတ်တနိုင်ငံတည်း ပေါ်လစီကို ဆက်လက် ထားရှိသွားမယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။ အများက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ Papua New Guinea ကျွန်းမှာ ကျင်းပနေတဲ့ ဒေသတွင်း စီးပွားရေးညီလာခံကို တက်လာတဲ့ ထိုင်ဝမ် ကိုယ်စားလှယ် Morris Chang နဲ့ တွေ့ဆုံအပြီး အမေရိကန် ဒုသမ္မတက အဲဒီလို ပြောကြားလိုက်တာပါ။

Papua New Guinea နိုင်ငံ၊ Port Moresby မှာ ကျင်းပနေတဲ့ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ APEC စည်းဝေးပွဲ ပြင်ပမှာ ဒုသမ္မတ Pence နဲ့ Morris Chang တို့ စနေနေ့က သီးခြား တွေ့ဆုံခဲ့ကြတာပါ။ ဒါဟာ ဒေသတွင်း စီးပွားရေး ညီလာခံတွေရဲ့ ပြင်ပမှာ အမေရိကန် ထိပ်တန်းခေါင်းဆောင်တဦးနဲ့ ထိုင်ဝမ် ကိုယ်စားလှယ်တို့အကြား နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

အမေရိကန်ဒုသမ္မတဟာ ဒီ APEC ညီလာခံကို တက်နေတဲ့ တရုတ်သမ္မတ ရှိကျင့်ဖျင်နဲ့တော့ သီးခြား တွေ့ဆုံဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဒါဟာ တရုတ်နိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်တို့ဘက်က သူတို့လုပ်ချင်တာကို ထုတ်ဖော် ပြသလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီနည်းလမ်းအရ ကိုယ်ပိုင်အစိုးရကို ရွေးကောက်တင်မြောက်ထားတဲ့ ထိုင်ဝမ်ကျွန်းဟာ ပြည်မကြီးရဲ့ တစိတ်တဒေသဖြစ်တယ်လို့ တရုတ်အစိုးရ ယူဆထားတာပါ။ သုတေသီတွေကတော့ ထိုင်ဝမ်နဲ့ ဆက်ဆံရေး တိုးမြင့်ဆောင်ရွက်တာဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို အနှောက်အယှက် ဖြစ်စေမှာမဟုတ်ဘူးလို့ ယူဆနေကြပါတယ်။

တရုတ်တနိုင်ငံတည်းမူ ကန် ဆက်လက်အတည်ပြု
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG