သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဆိုင်ကလုံး လူ ၃၀ ကျော်သေဆုံး


Gaja မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ Tamil Nadu အရပ်၊ နိုဝင်ဘာ ၁၆၊ ၂၀၁၈။
Gaja မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ Tamil Nadu အရပ်၊ နိုဝင်ဘာ ၁၆၊ ၂၀၁၈။

အိန္ဒိယနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသမှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Gaja ဆိုင်ကလုန်း မုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၃၃ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။ မုန်တိုင်းအရှိန်ကြောင့် အိမ်တွေနဲ့ လမ်းတွေ အများအပြား ပျက်စီး ဆုံးရှုံးခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေလည်း ကယ်ဆယ်ရေးစခန်းတွေမှာ လာရောက် ခိုလှုံနေကြရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အိန္ဒိယ ရေတပ်က သင်္ဘော ၂ စင်းနဲ့ ရဟတ်ယာဉ်တစင်း စေလွတ်ထားပါတယ်။ ပြည်နယ်အစိုးရက ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၄၀၀ ကျော်ကိုရောက်လာကြတဲ့ မုန်တိုင်းဘေးသင့်သူ ၈၂,၀၀၀ နီးပါးအတွက် သောက်ရေ၊ စားစရာနဲ့ ဆေးဝါးတွေ အာဏာပိုင်တွေက ထောက်ပံ့ပေးနေပါတယ်။

ဆိုင်ကလုန်း Gaja ဟာ အိန္ဒိယတောင်ပိုင်း Tamil Nadu ပြည်နယ်ကို တနာရီ ၅၅ မိုင်နှုန်းလောက်နဲ့ သောကြာနေ့က ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဒေသခံတွေ ဘေးကင်းရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတာပါ။

ကယ်ဆယ်ရေးဝန်ထမ်းတွေက သောကြာနေ့မှာ အလောင်း ၁၃ လောင်းကို တွေ့ရှိခဲ့ရပြီး စနေနေ့မှာ နောက်ထပ် အလောင်း ၂၀ ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်အရှိတဦးဖြစ်သူ Edappadi Palaniswami က ပြောပါတယ်။

မုန်တိုင်းကြောင့် ဓါတ်မီးတိုင် ၃၀,၀၀၀ နဲ့ သစ်ပင်ပေါင်း တသိန်းကျော် လဲှကျသွားကြောင်း၊ အဆိုးဆုံးနေရာတွေမှာ လျှပ်စစ်မီး ပြန်ရနိုင်ဖို့အတွက် ဝန်ထမ်း တသောင်းနီးပါးက ကြိုးစားဆောင်ရွက်နေကြောင်းလည်း အဲဒီ ပြည်နယ် အရာရှိက ပြောပါတယ်။ ဧက ထောင်နဲ့ချီကျယ်တဲ့ အန်းစိုက်ခင်းလည်း မုန်တိုင်းကြောင့် ပျက်စီးသွားကြောင်းလည်း Tamil Nadu ပြည်နယ် လယ်သမားအစည်းအရုံးက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်တဲ့ မုန်တိုင်းဒဏ်ကို Tamil Nadu ပြည်နယ်က မကြာခဏ ခံရလေ့ရှိပါတယ်။

အိန္ဒိယ ဆိုင်ကလုံး လူ ၃၀ ကျော်သေဆုံး
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG