သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်တွင်း ရေနံ၊ ဓာတ်ငွေ့ရှာဖွေရေး တရုတ်နဲ့ ဖိလစ်ပိုင်သဘောတူ


တရုတ်သမ္မတ Xi Jinping ကို ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ကြိုဆို
တရုတ်သမ္မတ Xi Jinping ကို ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ကြိုဆို

တောင်တရုတ်ပင်လယ်ထဲမှာ ရေနယ်နိမိတ်အငြင်းပွားနေတဲ့ တရုတ်နဲ့ ဖိလစ်ပိုင်ကြား ဖိလစ်ပိုင်ကမ်းလွန်မှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပူးတွဲတူးဖော်ရေးသဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်ထဲက နေရာအတိအကျ ဖော်ပြခြင်းမရှိတဲ့ နေရာမှာ ပူးတွဲတူးဖော်ရေးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာရောက်နေတဲ့ တရုတ်သမ္မတ Xi Jinping နဲ့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte တို့ရှေ့မှာ လက်မှတ်ထိုးခဲ့ကြတာပါ။

ခေါင်းဆောင် ၂ ယောက်ကြား ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေ ဒီကနေ့ ဆွေးနွေးတဲ့အပြင်။ ဖိလစ်ပိုင်နိုင်ငံ အခြေခံအဆောက်အအုံတွေ တိုးတက်ရေးအတွက် တရုတ်က ဒေါ်လာဘီလျံနဲ့ချီ ငွေချေးကူညီဖို့လည်း သမ္မတ Xi ရဲ့ခရီးစဉ်အတွင်း ကမ်းလှမ်းမယ်လို့မျှော်လင့်ရပါတယ်။ အမေရိကန်နဲ့ ကုန်သွယ်ရေးပြဿနာဖြစ်နေချိန်မှာ တရုတ်က အာရှနိုင်ငံတွေနဲ့ ကုန်သွယ်ရေးဆိုင်ရာသဘောတူညီမှုတွေ ပိုရဖို့တရုတ်က ကြိုးစားနေပါတယ်။ ဒါ့အပြင် သူ့ရဲ့ ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်း အောင်မြင်ဖို့ အာရှဒေသတလွှား ရင်းနှီးမြှုပ်နံှမှုတွေ၊ ကူညီထောက်ပံ့မှုတွေလည်း လုပ်နေတာပါ။ ဖိလစ်ပိုင် သမ္မတ Duterte ကလည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နဲ့ ဆက်ဆံရေးကောင်းမွန်အောင်ပိုလုပ်မယ်လို့ ကြေညာထားတာဖြစ်ပါတယ်။ တရုတ်သမ္မတ ရောက်လာတဲ့ဒီကနေ့ အင်္ဂါနေ့မှာပဲ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဖိလစ်ပိုင်ဟာ ရောင်းရန်မဟုတ်ဆိုတဲ့ ကြွေးကြော်မှုတွေနဲ့ ဆန္ဒပြမှုတွေလည်းရှိခဲ့ပါတယ်။ တောင်ရုတ်ပင်လယ်ထဲ ရေနယ်နိမိတ်အငြင်းပွားမှုကြောင့် နိုင်ငံတကာအငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့ရဲ့ အဆုံးအဖြတ်ကိုတောင်းခံခဲ့တဲ့ ဖိလစ်ပိုင်က သမ္မတ Duterte လက်ထက်မှာ တရုတ်နဲ့ဆက်ဆံရေးတိုးတက်လာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG