နိုဝင်ဘာ ၂၇၊ ၂၀၁၈။ နိုင်ငံတကာမှာ လူမှုကွန်ယက်အသုံးပြုမှုတွေ လွမ်းမိုးကျယ်ပြန့်လာသလို၊ မြန်မာလူထုကြားမှာလည်း လူမှုကွန်ယက်တွေရဲ့သြဇာ အတော်ရှိလာပါတယ်။ သတင်းဌာနကြီးတွေကလည်း လူမှုကွန်ယက်ကတဆင့် သူတို့ သတင်းတွေကို ဖြန့်ချီလာတဲ့နောက်၊ လူမှုကွန်ယက်တခုလုံးကို သတင်းမီဒီယာတခုလို သဘောထား သတ်မှတ်မှုတွေလည်း တွေ့နေရပါတယ်။ လူမှုကွန်ယက်နဲ့ သတင်းဌာနတွေ ဘာကွာခြားသလဲ၊ လူမှုကွန်ယက်ရဲ့ သြဇာသက်ရောက်မှု.. စတဲ့ သတင်းနဲ့ လူမှုကွန်ယက်အကြောင်း အင်္ဂါနေ့ ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
မြန်မာသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှုးတဦးဖြစ်တဲ့ ကိုသာလွန်ဇောင်းထက်နဲ့ လူငယ်နဲ့လူမှုသဟဇာတဖြစ်ရေး အဖွဲ့က ကိုသက်ဆွေဝင်းတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။