သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှု ကိုင်တွယ်ဖို့ ပြင်သစ်သမ္မတ အရေးပေါ်အစည်းအဝေးခေါ်ယူ


ပြင်သစ် သမ္မတ Emmmanuel Macron ဟာ ၊ ပြင်သစ်ဝန်ကြီးချုပ် နဲ့ ပြည်ထဲရေးဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး အရေးပေါ် အစည်းအဝေးတရပ်ကို ဒီကနေ့မှာ ကျင်းပခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အပါအဝင် နိုင်ငံတဝှမ်းမှာ သီတင်း ၃ ပတ်ဆက်တိုက် ဆန္ဒပြနေကြတဲ့ ကုတ်အင်္ကျီအဝါဝတ်ဆန္ဒပြတဲ့သူတွေကို ဘယ်လိုမျိုး အကောင်းဆုံးကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ဆွေးနွေးဖို့အတွက် အခုလို အရေးအပေါ်အစည်းအဝေးကို ကျင်းပခဲ့တာပါ။

ပဲရစ်မြို့မှာ စနေနေ့ကလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြတဲ့သူတွေကို ပြတင်းပေါက်တွေကို ရိုက်ခွဲပြီး၊ စတိုးဆိုင်တွေကို လုယက်ခဲ့ကြသလို၊ Arc de Triomphe မုခ်ဦးကြီးကိုလည်း ဆေးတွေနဲ့ မှုတ်ခဲ့ကြတာကြောင့် အဓိကရုဏ်းအသွင်လို့ ဖြစ်လာခဲ့ပြီး၊ ဒါဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပဲရစ်မြို့မှာဖြစ်တဲ့ အဆိုးရွားဆုံး လူထုမငြိမ်သက်မှုတခုဖြစ်လာခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေတိုက်ခိုက်ခံရတာ၊ ဆိုင်တွေလုယက်ခံရတာ၊ အဆောက်အအုံတွေကို မီးရှို့ခံရတာ၊ လမ်းသွားလမ်းလာတွေ နဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်ခံရတာ အပါအဝင် Arc de Triomphe ကို ဆေးတွေနဲ့ မှုတ်သွားတာတွေဟာ မှန်ကန်တဲ့လုပ်ရပ်တွေ မဟုတ်ဘူးလို့ သမ္မတ Macron က ပြောပါတယ်။ စနေနေ့က ပဲရစ်မြို့မှာကဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၂၃ ယောက်အပါဝအင် ၁၃၃ ယောက် ဒဏ်ရာခဲ့ပြီး၊ လူ ၄၁၂ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ပဲရစ်ရဲတပ်ဖွဲ့က ပြောပ့ါတယ်။ မနေ့စနေနေ့တုန်းက ပဲရစ်မြို့မှာ လူပေါင်း ၅၅၀၀ အပါအဝင် နိုင်ငံတဝှမ်းမှာ ဆန္ဒပြတဲ့သူ ၃သောင်း ၆ ထောင်လောက်ရှိတယ်လို့ ပြင်သစ်ဝန်ကြီးချုပ် Edouard Philippe က ပြောပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကို အစိုးရနဲ့ ဆွေးနွေးဖို့ အစိုးရပြောခွင့်ရက တိုက်တွန်းလိုက်ပါတယ်။ ပြင်သစ်နိုင်ငံတဝှမ်းမှာ ဓါတ်ဆီအပါအဝင် အခွန်တွေတိုးမြှင့်ကောက်ခံလာတာကို မကျေနပ်လို့ ဆန္ဒပြပွဲတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG