ဒီဇင်ဘာ ၁၈၊ ၂၀၁၈။ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း ရိုဟင်ဂျာမူဆလင်တွေအပေါ် စစ်တပ်က ကျုးလွန်မှုတွေကို "Genocide" လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိကန်အောက်လွှတ်တော်က သတ်မှတ် ကြေညာခဲ့ပါတယ်။ ဒီလို အမေရိကန်အောက်လွှတ်တော်ရဲ့ သတ်မှတ်ကြေညာချက်ရဲ့ နောက်ဆက်တွဲအားဖြင့် ဘယ်လို အရေးယူမှုတွေရှိလာနိုင်လဲ၊ ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်လဲ.. ဆိုတာ အင်္ဂါနေ့ ညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။
ဥပဒေအထောက်အကူပြု ကွန်ယက်ကို ထူထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး၊ Internews အဖွဲ့ရဲ့ သတင်းပညာဆိုင်ရာအကြံပေး သတင်းစာဆရာ ဦးစိန်ဝင်းတို့က ပင်တိုင်ဆွေးနွေးထားကြပါတယ်။