သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်မိသားစု သတ်ဖြတ်မှု မသင်္ကာသူ ၂ ဦး မြန်မာပြည်တွင်းမှာဖမ်းမိ


မဲဆောက်ရွှေ့ ပြောင်းမိသားစုသတ်ခဲ့သူအဖြစ် သံသယရှိခံထားရသူ
မဲဆောက်ရွှေ့ ပြောင်းမိသားစုသတ်ခဲ့သူအဖြစ် သံသယရှိခံထားရသူ

မန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့က ကျေးရွာတခုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား မိသားစုဝင်လေးဦးကို သတ်ဖြတ်သူတွေအဖြစ် သံသယရှိနေတဲ့ထဲက အဓိကတရားခံအဖြစ် ယူဆထားသူ ၂ဦးကို ကရင်ပြည်နယ် ရဲတပ်ဖွဲ့ဖမ်းဆီးလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေမှာ ကရင်ပြည်နယ် မြိုင်ကလေးကျေးရွားမှာ ဖမ်းဆီး မိခဲ့တာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ မဲတောင်ကျေးရွာအုပ်စု (၁) မှာ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေဖြစ်တဲ့ ပအို့ဝ် မိသားစုဝင်လေးဦးကို ဒီဇင်ဘာလ (၁၆) ရက်နေ့က ရက်ရက်စက်စက် သတ်ဖြတ်မှုနဲ့ ထိုင်းနိုင်ငံက ဝရမ်းထုတ်ထားသူ ၂ဦးကို ကရင်ပြည်နယ်မှာ ဖမ်းမိတဲ့အကြောင်း အသတ်ခံရသူ မိသားစုနဲ့ နီးစပ်တဲ့မဲဆောက်မြို့ခံ တဦးက ပြောပြပါတယ်။

“ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာသတ်သွားတဲ့ တရားခံ ၂ယောက်ပေါ့၊ ကရင်ပြည်နယ် ရဲတပ်ဖဲ့ွက ဖမ်းဆီးလိုက်တယ်ဆိုတာ သိလိုက်ရတယ်။ မင်းပြားမြို့နယ်က ရခိုင်လူမျိုးတွေပေါ့”

သူတို့ကို ဖမ်းဆီးနိုင်ရေးအတွက် လူထုက သတင်းပေးခဲ့တာလို့ဆိုပါတယ်။ ကရင်ပြည်နယ် ရဲတပ်ဖဲ့ ွက ဖမ်းဆီး စစ်ဆေးပြီးတဲ့နောက် သူတို့က သတ်ဖြတ်ကြောင်း ဝန်ခံထားတယ်လို့လည်း မြန်မာအာဏာပိုင်တွေက ပြောပါတယ်။ သူတို့ကတော့ ရခိုင်ပြည်နယ်က လာကြပြီး ကိုဆွေ(ခေါ်) ကိုရွှေ၊ ဇော်ဇော်(ခေါ်) အငယ်ကောင်တို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။ သူတို့ကိုတော့ ထိုင်းဘက်မှာ ပြစ်မှုကျုးလွန်ထားတဲ့အတွက် ထိုင်းဘက်ကို မကြာခင်မှာ ပြန်လွှွဲပေးမယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလ (၁၈) ရက်နေ့ မှာတော့ မဲဆောက်မြို့မှာ တရားခံအဖြစ် သံသယရှိသူကိုရွှေရဲ့ဇနီးကို ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ မှာတော့ သတ်ဖြတ်မှုမှာ အဓိက သံသယရှိသူအဖြစ် ဝရမ်း ထုတ်ခံထားရတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ဦးကို မြန်မာပြည်ထဲမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG