သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားအလှကုန်တွေ ဝယ်ယူသုံးစွဲမှုတိုး


အမျိုးသားတဦးကို မိတ်ကယ်လိမ်းခြယ်ပုံပြသ
အမျိုးသားတဦးကို မိတ်ကယ်လိမ်းခြယ်ပုံပြသ

ချောမွေ့ပြီး သဘာဝအတိုင်း ကြည်လင်နေတဲ့အသားအရည်ရဖို့ အမျိုးသားတွေစိတ်ဝင်စားမှုရှိလာတဲ့ ရှေ့ပြေးလက္ခဏာတွေကို တွေ့လာနေရပါပြီ။ ရေမွှေးနဲ့ အလှကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Chanel နဲ့ Estee Lauder တို့က ခေတ်ရေစီးကြောင်းကို ပြောင်းလဲတဲ့အနေနဲ့ အမျိုးသားတွေအတွက် အသားအရည်ထိန်း အလှကုန်တွေကို အစပျိုးထုတ်လုပ်လာပါတယ်။ အမျိုးသားတွေအတွက် သဘာဝဆန်ပြီး အရောင်သိပ်မတောက်တဲ့ အသားအရည်ထိန်း အလှကုန်ပစ္စည်းတွေ အတော်များများကိုအဲဒီကုမ္ပဏီတွေကထုတ်လုပ်လာကြတာပါ။

အမျိုးသားသုံးမိတ်ကပ်တွေကို ပထမဆုံးအသုံးပြုတဲ့ တောင်ကိုရီးယားနိုင်ငံမှာ Chanel ကသူတို့ရဲ့ Boy ဆိုတဲ့ အလှကုန်ပစ္စည်းတွေကို စက်တင်ဘာလမှာ စပြီးမိတ်ဆက်ပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနကပြောပါတယ်။ တောင်ကိုရီးယားအမျိုးသားတွေဟာ အသားအရည်ထိန်းဖို့ အမေရိကန်နဲ့ ပြင်သစ်က အမျိုးသားတွေထက် ၁၀ ဆပိုပြီး ငွေအကုန်အကျခံကြတာပါ။ လန်းဆန်းနေတဲ့ K-Pop အဆိုတော် အမျိုးသားလေးတွေရဲ့ ကြည်လင်တဲ့ အသားအရည်က ဒီအချက်ကို ပိုပြီးပေါ်လွင်စေပါတယ်။

ငယ်ရွယ်ပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ကြတဲ့ သာမန် အမျိုးသားတွေတောင် ပိုကြည့်ကောင်းအောင် ရေဓာတ်ပါတဲ့ အသားအရည်ထိန်းခရင် မ်တွေသုံးကြပြီး နုတ်ခမ်းအဆီလည်းဆိုးကြသလို မျက်ခုံးမွှေးလည်း ဆွဲလာကြပါတယ်။

အွန်လိုင်းပေါ်မှာတင်ထားတဲ့ အမျိုးသား မိတ်ကပ်လိမ်းနည်းတွေကိုတောင် စပြီးကြည့်ရှုသူတွေ ရှိလာနေပါပြီ။ တရုတ်နိုင်ငံက အကြီးဆုံး အွန်လိုင်းအရောင်းကုမ္ပဏီတခုမှာလည်း အမျိုးသားအလှကုန်အရောင်းဟာ ဇွန်လမှာ ၆၁ % ထိ မြင့်တက်သွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG