သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားက ကန်တပ်ဖွဲ့များပြန်ရုပ်မှု အိမ်ဖြုတော် ခုခံပြောကြား


ဆီရီးယားမှာ IS စစ်သွေးကြွတွေကို အနိုင်ရပြီမို့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန်ရုတ်သိမ်းမယ်လို့ သမ္မတ Donald Trump ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တဲ့အပေါ် အိမ်ဖြူတော်က ကာကွယ်ပြောကြားခဲ့ပါတယ်။

IS စစ်သွေးကြွတွေကိုခြေမှုန်းတဲ့ အမေရိကန်တပ်တွေရဲ့ စစ်ဆင်ရေးအောင်မြင်သွားပြီဖို့ စေလွှတ်ထားတဲ့ တပ်ဖွဲ့ဝင် ၂ ထောင်ကို ပြန်ရုတ်ဖို့ အချိန်ကျပြီလို့ သမ္မတ Trump ကမျှော်လင့်မထားဘဲ Twitter ပေါ်မှာ ကြေညာခဲ့တာပါ။ ဒီကြေညာချက်အပေါ် အမေရိကန်ကာကွယ်ရေးတာဝန်ရှိသူတွေ၊ သံတမန်တွေသာမက လွှတ်တော်အမတ်တွေ အံ့အားသင့်ခဲ့ကြပါတယ်။ သမ္မတရဲ့ Twitter ပေါ်က ကြေညာချက်နဲ့ပတ်သက်လို့ အိမ်ဖြူတော်နဲ့ Pentagon စစ်ဌာနချုပ်က ရှင်းလင်းပြောကြားခဲ့ရပါတယ်။

IS တွေကို နှိမ်နှင်းခဲ့နိုင်ပြီလို့ ပြောတဲ့အတွက် ဆီးရီးယားက နိုင်ငံတကာပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးတွေ အဆုံးသတ်သွားပြီဆိုတဲ့ အဓိပ္ပါယ်မရောက်ဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရတာဝန်ခံ Sarah Sanders ကပြောပါတယ်။ Pentagon စစ်ဌာနချုပ်ပြောခွင့်ရ Dana White ကလည်း IS တွေ သိမ်းပိုက်ထားတဲ့နေရာတွေလွတ်မြောက်အောက် ပူးပေါင်းတပ်တွေဆောင်ရွက်နိုင်ခဲ့ပြီ။ ဒါပေမဲ့ IS တွေအပေါ် တိုက်ခိုက်တဲ့ စစ်ဆင်ရေးကတော့ မပြီးဆုံးသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

ဆီးရီးယားကနေ အမေရိကန်တပ်တွေကို ဘေးကင်းစွာပြန်ရုတ်သိမ်းဖို့ ဘယ်လောက်အချိန်ယူမလဲဆိုတာကိုတော့ အိမ်ဖြူတော်ကရော Pentagon ကပါ ရှင်းရှင်းလင်းလင်း မပြောနိုင်ကြပါဘူး။ အမေရိကန်က ဆီးရီးယားအပေါ် လေကြောင်းတိုက်ခိုက်မှုကို ၂၀၁၄ ခုနှစ်ထဲက စတင်ခဲ့တာဖြစ်ပြီး IS တပ်တွေကို ခြေမှုန်းဖို့ မြေပြင်တပ်ဖွဲ့တွေက 2015 ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ဆီးရီယားက ကန်တပ်ဖွဲ့များပြန်ရုပ်မှု အိမ်ဖြုတော် ခုခံပြောကြား
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG