သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း

တရုတ် ဒုထောက်လှမ်းရေးအကြီးအကဲဟောင်း ထောင်ဒဏ်တသက် ချခံရ


တရုတ်အစိုးရ ဒုတိယ ထောက်လှန်းရေးအကြီးအကဲဟောင်း Ma Jian ကို အဂတိလိုက်စားမှုနဲ့ ကြာသပတေးနေ့က ထောင်ဒဏ် တသက်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

Ma ဟာ လာဘ်ငွေရယူမှုနဲ့ စီးပွါးရေးကုမ္ပဏီတွေရဲ့ စတော့အရောင်းအဝယ်မသမာမှု အပါအဝင် ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ခဲ့တာ တွေ့ရကြောင်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Dalian ဆိပ်ကမ်းမြို့ တရားရုံးက ပြောပါတယ်။ တရုတ် နိုင်ငံတော် လုံခြုံရေးဗျူရိုမှာ ဒုတိယဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သူ Ma ကို ဒဏ်ငွေအဖြစ် ယွမ်- သန်း ၅၀ (အမေရိကန်ဒေါ်လာ ၇.၂၆ သန်း) ကျခံစေဖို့လည်း အမိန့်ချထားပါတယ်။

Ma ဟာ သူ့နိုင်ငံရေးအာဏာကို အသုံးချပြီး တရုတ်အာဏာပိုင်တွေ အလိုရှိနေတဲ့ အိမ်ခြံမြေဘီလျံနာသူဌေးကြီး Guo Wengui ရဲ့ စီးပွါးရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီခဲ့တယ် လို့လည်း တရားရုံးကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။ နယူးရောက်မှာ အခြေစိုက်နေထိုင်တဲ့ သူဌေးကြီး Guo က လက်ရှိတရုတ်ကွန်မြူနစ်ပါတီ အကြီးတန်းအရာရှိကြီးတွေ လါဒ်စားကြောင်း စွပ်စွဲထားတဲ့ ဗီဒီယိုခွေတွေ ကွန်ပြူတာ အွန်လိုင်းမှာ တင်ခဲ့တာပါ။

ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို သူတို့ရဲ့ အစုရှယ်ယာတွေ Guo ကို လွှဲပေးဖို့ ဖိအားပေး ခြိမ်းခြောက်စာတွေကို Ma က နိုင်ငံတော် လုံခြုံရေးဗျူရိုကနေ ပေးပို့ခဲ့တဲ့နောက်မှာ Guo ဟာ နိုင်ငံရဲ့ ငွေစုလက်မှတ် ကုမ္ပဏီကို ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီကုမ္ပဏီရဲ့ အတွင်းရေးတွေကို သူက ပေါက်ကြားစေပြီး ဒီကုမ္ပဏီရဲ့အစုရှယ်ယာတွေကို Ma ရဲ့ ဆွေမျိုးတွေက နောက်ပိုင်းမှာ ဝယ်လိုက်တာကြောင့် အကျိုးအမြတ်ရခဲ့မှုနဲ့ သူ့မှာအပြစ်ရှိတဲ့အတွက် ဒဏ်ငွေအဖြစ် ယွမ်ပေါင်း ၄၉ သန်းကျော်ကိုပါ ဒဏ်ဆောင်ခဲ့ရတာပါ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်မယ်လို့ ကြွေးကျော်ပြီး ၂၀၁၂ မှာ တက်လာတဲ့ သမ္မတ Xi Jinping လက်ထက်မှာ Ma ဟာ အဂတိလိုက်စားမှုနဲ့ နောက်ဆုံး အရေးယူခံရတဲ့ အရာရှိကြီးတဦးဖြစ်ပါတယ်။ ဒါပေမယ့် Guo အပါအဝင် ဝေဖန်သုံးသပ်သူတွေကတော့ သမ္မတ Xi ဟာ ဒီနည်းနဲ့ သူ့နိုင်ငံရေးပြိုင်ဘက်တွေကို ခြေမှုန်းနေတယ်လို့ စွပ်စွဲကြပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG