ရခိုင်ပြည်နယ်တွင်း AA ရခိုင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာနေဆဲ အနေအထားနဲ့ လတ်တလောမှာပဲ နယ်စပ်ရဲကင်းစခန်းတွေ အတိုက်ခိုက်ခံခဲ့ရတာကြောင့် လုံခြုံရေးဟာ စိုးရိမ်စရာဖြစ်နေသလို လမ်းပမ်းဆက်သွယ်ရေးတွေ ပိတ်ဆို့ထားပြီး ဒေသတွင်း တည်ငြိမ်လုံခြုံမှုမရှိသေးတာကြောင့် နေရပ်ရင်းကို ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ စစ်ရှောင်ဒုက္ခသည်တွေက ပြောကြပါတယ်။ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ နေရာအနီးတဝိုက် ကျေးရွာတွေကနေ တိမ်းရှောင်လာတဲ့ မြိုတိုင်းရင်းသားတွေ ခိုလှုံနေတဲ့ ဝါးတောင် ဒုက္ခသည်စခန်းတွေကိုဗွီအိုအေသတင်းထောက် ကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။
ဝါးတောင်စစ်ရှောင်စခန်း ရခိုင်ပြည်နယ် နောက်ဆုံးရဓါတ်ပုံများ

1
ကျောက်တော်မြို့နယ်အစပ်ရှိ ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်း

2
ဝါးတောင်စစ်ရှောင်စခန်းရှိ ကလေးငယ်များ

3
ဝါးတောင် စစ်ရှောင်ကူညီရေးစခန်းသို့ အကူအညီလာပေးသူများ

4
ဝါးတောင် စစ်ရှောင်စခန်းအနီး သောက်သုံးရေကန်တွင် ရေခပ်ဆင်းသူတဦး