သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်တိုက်ပွဲနဲ့ မြန်မာ့ငြိမ်းချမ်းရေး (တိုက်ရိုက်လေလှိုင်း)


ခထီးလှ ရဲကင်းစခန်း တာဝန်ကျတပ်ဖွဲ့ဝင်တဦး

ဇန်န၀ါရီ ၈ ရက်၊ ၂၀၁၉။ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ထဲက ရဲကင်းစခန်း လေးခုကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က ၀င်ရောက်တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပါတယ်။ ပဋိပက္ခတွေနဲ့ နိုင်ငံတကာက အာရုံစိုက်ခံနေရတဲ့ ရခိုင်ပြည်နယ်မှာ အခုလို အဖြစ်အပျက်ကြောင့်၊ မြန်မာ့နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးအပေါ် ဘယ်လို သက်ရောက်မှုတွေဖြစ်လာနိုင်ပါသလဲ။ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ် ရခိုင်အမျိုးသားပါတီက အမှုဆောင်တဦးလည်းဖြစ်သူ ဦးဖေသန်း၊ တိုက်ခိုက်ခံရတဲ့ နေရာတွေကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့သူ ဗွီအိုအေ သတင်းထောက်ကိုကျော်ကျော်သိန်းနဲ့ ဗွီအိုအေ အယ်ဒီတာတဦးဖြစ်တဲ့ ဦးကျော်ဇံသာတို့ ပင်တိုင်ဆွေးနွေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG