သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒုရှေ့နေချုပ် ရာထူးကနုတ်ထွက်မည်


ဒုတိယရှေ့နေချုပ် Rod Rosenstein
ဒုတိယရှေ့နေချုပ် Rod Rosenstein

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားဝင်နှောင့်ယှက်ခဲ့မှုရှိ မရှိ စုံစမ်းမှုကို ကြီးကြပ်တဲ့ ဒုတိယရှေ့နေချုပ် Rod Rosenstein ရာထူးကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေပါတယ်။ ရှေ့နေချုပ်သစ် တာဝန်ထမ်းဆောင်ပြီဆိုရင်တော့ ဒုတိယရှေ့နေချုပ် Rosenstein ရာထူးကနေ ထွက်တော့မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲတုန်းက Donald Trump အနိုင်ရအောင် Trump စည်းရုံးလှုပ်ရှားသူတွေ ရုရှားနဲ့ပူးပေါင်းကြံစည်ခဲ့ခြင်းရှိမရှိ စုံစမ်းမှုကို FBI အကြီးအကဲဟောင်း Robert Mueller ကဦးဆောင်စုံစမ်းဖို့ တာဝန်ပေးခဲ့တဲ့ ဒုတိယရှေ့နေချုပ် Rosenstein အပေါ် သမ္မတ Trump က မကြာခဏဆိုသလို တိုက်ခိုက်ပြောဆိုလေ့ရှိပါတယ်။

Rosenstein အပါအဝင် Trump မကျေနပ်ဘူးလို့ယူဆရသူတော်တော်များများ အကျဉ်းခန်းထဲ ရောက်နေသလိုလုပ်ထားတဲ့ ဓါတ်ပုံကို သမ္မတက Twitter ပေါ်မှာ တင်ခဲ့တဲ့အထိ တိုက်ခိုက်ခဲ့ပေမဲ့ ဒုရှေ့နေချုပ်ကိုတော့ သူရာထူးကနေ ဖယ်ရှားခြင်း မရှိပါဘူး။ ရုရှားပါတ်သက်မှုရှိ မရှိ စုံစမ်းမှုမှာ ဝင်မပါဘဲ ဘေးဖယ်နေခဲ့တဲ့ အရင်ရှေ့နေချုပ် Jeff Sessions ကိုတော့ သမ္မတက ရာထူးကနေ ဖယ်ရှားခဲ့တာပါ။

ရှေ့နေချုပ်သစ်အဖြစ် သမ္မတရွေးချယ်ထားတဲ့ William Barr ကို အထက်လွှတ်တော်က အတည်ပြုပြီးသွားရင် သူရာထူးကနေ နုတ်ထွက်တော့မယ်လို့ အိမ်ဖြူတော်ကိုပြောထားပြီးပြီလို့ သတင်းတွေထွက်ပေါ် နေတာဖြစ်ပါတယ်။ တရားရေးဌာနရဲ့ ဒုရှေ့နေချုပ်တာဝန်ကို ၂၀၁၇ ခုနှစ်မှာ တာဝန်ယူခဲ့တဲ့ Rod Rosenstein ဟာအစိုးရရှေ့နေအဖြစ် တောက်လျှောက်တာဝန်ယူလာခဲ့သူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG