သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ၁၄ ဦး ဘတ်ငွေ ၁ ဒသမ ၇သန်း လျော်ကြေးခံစားခွင့် ထိုင်းတရားရုံးချုပ် အတည်ပြု


(ဓါတ်ပုံ- Phil Robertson twitter)
(ဓါတ်ပုံ- Phil Robertson twitter)

ထိုင်းနိုင်ငံက ကြက်မွေးမြူရေးခြံမှာ မတရားခိုင်းစေခံခဲ့ရတယ်လို့ တိုင်ကြားထားတဲ့ မြန်မာ အလုပ်သမား ၁၄ ဦးကို နစ်နာကြေးပေး လျော်ဖို့ ထိုင်းတရားရုံးချုပ်က အင်္ဂါနေ့မှာ စီရင်ချက် ချမှတ်လိုက်ပါတယ်။ Thammakaset ကြက်မွေးမြူရေး လုပ်ငန်းနဲ့ အလုပ်သမားတွေရဲ့ အမှုက သုံးနှစ်တာ တရားရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ မနေ့ အင်္ဂါနေ့က ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေ အရေး ထိုင်းတရားရုံးချုပ်ရဲ့ စီရင်ချက်က သမိုင်းဝင် စီရင်ချက်လည်း ဖြစ်ပါတယ်။ အလုပ်သမား ၁၄ ဦး အတွက် ကုမ္ပဏီဘက်က နစ်နာကြေးအဖြစ် အမေရိကန် ဒေါ်လာ ၅ သောင်း ၃ ထောင်လောက် ရှိတဲ့ ထိုင်းဘတ်ငွေ ၁ သန်း ၇ သိန်း ပေးလျော်ဖို့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာပါ။

Thammakaset ကြက်မွေးမြူရေး လုပ်ငန်းမှာ အလုပ်လုပ်ခဲ့ကြတဲ့ အလုပ်သမား ၁၄ ဦးတို့က သူတို့ကို အချိန်ပို ခိုင်းစေမှု၊ အနိမ့်ဆုံး လုပ်ခလစာထက် လျှော့ပေးခဲ့တာ၊ နိုင်ငံကူး လက်မှတ်တွေကို သိမ်းထားပြီး သွားခွင့်လာခွင့်တွေ ပိတ်ပင်ခံခဲ့ရတယ်ဆိုပြီး ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၆ ခုနှစ်မှာ တရားဝင် တိုင်ကြားခဲ့ကြတာပါ။ ဒါပေမယ့် Thammakaset လုပ်ငန်းဘက်ကတော့ အလုပ်သမားတွေရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

အလုပ်သမားတွေ အနေနဲ့ သူတို့ဆန္ဒအတိုင်း ညပိုင်း အလုပ်ဆင်းခဲ့တာ ဖြစ်ပြီး ကြက်ခြံနားမှာ အိပ်ဖို့လည်း သူတို့ဘာသာ ဆုံးဖြတ်ခဲ့တာလို့ ကြက်မွေးမြူရေး လုပ်ငန်းကြီးက ပြောဆိုပြီး အသရေဖျက်မှုနဲ့ ပြန်ပြီး စွဲဆိုခဲ့ပေမယ့် ဘန်ကောက်မြို့တော် တရားရုံး တခုက ပယ်ချခဲ့တာပါ။ အလုပ်သမားတွေကို လျော်ကြေးပေးဖို့ အောက်တရားရုံးက ဆုံးဖြတ်ခဲ့တာကို ထိုင်းကုမ္ပဏီဘက်က အယူခံဝင်ခဲ့တာ ဖြစ်ပြီး တရားရုံးချုပ်ဘက်ကတော့ ကုမ္ပဏီဘက်က လျှောက်လဲှမှုတွေက ခိုင်ခိုင်မာမာ မရှိဘူးဆိုပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို အနိုင်ပေး ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အခု ထိုင်းတရားရုံးချုပ်ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အရေး ဆုံးဖြတ်ချက် အပေါ်မှာတော့ အလုပ်သမားရေး လှုပ်ရှားသူတွေဘက်က ကြိုဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG