သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြစ်ဆုံရေကာတာစီမံကိန်းနဲ့ တရုတ်နိုင်ငံခြေလှမ်း (တိုက်ရိုက်လေလှိုင်း)


Myanmar Myitsone

ဇန်န၀ါရီလ ၁၅၊ ၂၀၁၅။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟာ ကချင်ပြည်နယ်တွင်း နိုင်ငံရေး လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ်မှာ ကချင်ပြည်နယ်တွင်းက မြစ်ဆုံရေကာတာစီမံကိန်း ပြန်စတင်လိုတဲ့ သဘော ဆွေးနွေးပြောဆိုခဲ့ပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ စာချုပ်တွေကို ပြန်လည်လေ့လာပြီး အများပြည်သူသိရှိအောင် ချပြမယ်လို့ လက်ရှိ NLD အစိုးရက ပြောခဲ့ပေမယ့်၊ အခုအချိန်အထိ ဒီ စီမံကိန်းနဲ့ပတ်သက်လို့ အစိုးရသဘောထား ယတိပြတ်မပြောနိုင်ခဲ့သလို အများပြည်သူကို ချပြနိုင်ခြင်းလည်း မရှိပါဘူး။

ဒါကြောင့် အခု အင်္ဂါနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာတော့ မြစ်ဆုံစီမံကိန်းနဲ့ တရုတ်နိုင်ငံဖက်က ခြေလှမ်းတွေကို သုံးသပ်ဆွေးနွေးထားပါတယ်။ ကချင်ပြည်ဒီမိုကရေစီပါတီ အကြီးအကဲ ဒေါက်တာတူးဂျာ၊ ကချင်လူမှုဖွံဖြိုးရေးကွန်ယက်က ကိုဆားဂျီးတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG