သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်သီးဆွေးနွေးပွဲပြန်စဖို့ မြောက်ကိုရီးယားအရာရှိ ဝါရှင်တန် လာရောက်


မြောက်ကိုရီးယား အဆင့်မြင့်အရာရှိ Kim Yong Chol
မြောက်ကိုရီးယား အဆင့်မြင့်အရာရှိ Kim Yong Chol

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် စီစဉ်ဖို့ ဝါရှင်တန်ကိုသွားမယ့် မြောက်ကိုရီးယား ထိပ်တန်းအရာရှိတယောက်ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို ဒီကနေ့ ရောက်လာခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံက Yonhap သတင်းက ဖော်ပြပါတယ်။

မြောက်ကိုရီးယား အဆင့်မြင့်အရာရှိ Kim Yong Chol ဟာ တရုတ်နိုင်ငံက Air China လေကြောင်းလိုင်းနဲ့ ဒီနေ့နှောင်းပိုင်း ဝါရှင်တန်ကို ရောက်လာမှာပါ။ မနက်ဖြန် သောကြာနေ့မှာတော့ မြောက်ကိုရီးယားအရာရှိဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ တွေ့ဆုံဆွေးနွေးပြီး၊ နောက်ပိုင်း အိမ်ဖြူတော်မှာ သမ္မတ Trump ကို နှုတ်ဆက်ဖို့လည်း စီစဉ်ထားပါတယ်။ အမေရိကန်သမ္မတနဲ့ တွေ့ဆုံချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင်ထံက စာတစောင်ကို ပေးအပ်ဖို့ ရှိတယ်လို့လည်း Yonhap သတင်းက ဖော်ပြခဲ့တာပါ။

အမေရိကန်သမ္မတတဦးအဖြစ် တာဝန်ယူထားချိန်မှာ ပထမဆုံးအကြိမ် မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့ဆုံမှုအဖြစ် ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲ စင်္ကာပူနိုင်ငံမှာ ခေါင်းဆောင် ၂ ဦး တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ နောက်ဆက်တွဲအဖြစ် ၂ နိုင်ငံ ခေါင်းဆောင်တွေ မကြာခင် နောက်တကြိမ်တွေ့ဆုံဖြစ်မယ့် အလားအလာတွေလည်း ကြီးထွားလာနေချိန် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ မြောက်ကိုရီးယား ခေါင်းဆောင်ဟာလည်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို သွားရောက်ခဲ့တာပါ။

တရုတ်နိုင်ငံ ခရီးစဉ်အတွင်း သမ္မတ Xi Jinping နဲ့ တွေ့ဆုံခဲ့တဲ့အတွက်လည်း အမေရိကန်သမ္မတနဲ့ မတွေ့ခင်မှာ တရုတ်ခေါင်းဆောင်တွေနဲ့ အရင်တိုင်ပင်ပုံရတယ်လို့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ပထမတကြိမ် စင်္ကာပူနိုင်ငံက ထိပ်သီးတွေ့ဆုံပွဲမှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေ အဆုံးသတ်ရေး ၂ ဘက်အကြား ယေဘုယျဆန်ဆန် သဘောတူညီချက် ရခဲ့ကြတာပါ။ ဒါပေမဲ့လည်း တိုးတက်မှုတချို့အတွက် အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပေးဖို့ မြောက်ကိုရီးယားက တောင်းဆိုနေသလို၊ အမေရိကန်ကလည်း နျူကလီးယားလုပ်ငန်းတွေ အရင်ဆုံးရပ်ဖို့ တောင်းဆိုနေတဲ့အတွက် နောက်ဆက်တွဲ ဆွေးနွေးမှုတွေ ရှေ့မတိုးနိုင်ပဲ ဖြစ်နေပါတယ်။

ထိပ်သီးဆွေးနွေးပွဲပြန်စဖို့ မြောက်ကိုရီးယားအရာရှိ ဝါရှင်တန် လာရောက်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG