သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ အကျိုးအပြစ်


မြစ်ကြီးနားမြို့မှာ တွေ့ဆုံခဲ့ကြတဲ့ တရုတ်သံအမတ် Hong Liang နဲ့ ကချင် နိုင်ငံရေးပါတီနဲ့ ဘာသာရေး ခေါင်းဆောင်များ
မြစ်ကြီးနားမြို့မှာ တွေ့ဆုံခဲ့ကြတဲ့ တရုတ်သံအမတ် Hong Liang နဲ့ ကချင် နိုင်ငံရေးပါတီနဲ့ ဘာသာရေး ခေါင်းဆောင်များ

ဇန်နဝါရီ ၁၉၊ ၂၀၁၉ - မကြာသေးခင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကချင် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံပြီး၊ ကချင်ပြည်နယ်ထဲက တရုတ်စီမံကိန်းတွေ၊ သံတမန်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုတွေ့တဲ့အချိန်မှာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ကို သတိပေးခဲ့တာမျိုး၊ မြစ်ဆုံအပါအဝင် တရုတ်နိုင်ငံက စီမံကိန်းတွေကို မကန့်ကွက်ဖို့ ဆိုတာမျိုးတွေကို အထက်စီးဆန်ဆန် ပြောတာဆိုတာတွေ ရှိခဲ့တယ်လို့လည်း သတင်းတွေ ထွက်ခဲ့တာပါ။

အိမ်နီးချင်းလည်းဖြစ်၊ နိုင်ငံရေး၊ စီးပွားရေးအရ သြဇာအရှိန်အဝါလည်းကြီးတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အထိ အရေးကြီးလာနေပါပြီလဲ၊ အနောက်နိုင်ငံတွေထက် ပိုပြီးဦးစားပေး ဆက်ဆံဖို့ လိုနေပြီလား ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG