သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပရေးကော်မတီ စုံစမ်းခံရ


သမ္မတ Trump ကျမ်းသစ္စာကျိန်ဆိုပွဲနေ့
သမ္မတ Trump ကျမ်းသစ္စာကျိန်ဆိုပွဲနေ့

သမ္မတ Donald Trump ရဲ့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကော်မီတီအနေနဲ့ အလှုရှင်တွေစာရင်းနဲ့ အသုံးစားရိတ်တွေကို တင်သွင်းဖို့ ပြည်ထောင်စုအစိုးရ ရှေ့နေတွေက သမ္မန်စာတစောင် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် ဒီစုံစမ်း စစ်ဆေးမှုနဲ့ ပတ်သက်ပြီး သမ္မတအိမ်ဖြူတော်ကတော့ ချက်ချင်းပဲ ခပ်ခွါခွါတုန့် ပြန်ခဲ့ပါတယ်။

သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က ဒီကိစ္စဟာ သမ္မတအိမ်ဖြူတော်နဲ့ ဘာမှ မဆိုင်တဲ့ အကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပြီး မကြာသေးမီက ပြစ်မှု ထင်ရှား တွေ့ရှိခဲ့သူတွေနဲ့ သမ္မတကြား ဆက်စပ်မှုတွေနဲ့ ပတ်သက်လို့လည်း Sanders က သမ္မတဖြစ်လာတာကို လူတွေက မကြေနပ်ကြတဲ့ အတွက်ကြောင့် ပြဿနာ ဖြစ်မယ့် အကြောင်းတွေကို လိုက်ရှာနေတာ ဖြစ်ကြောင်းတုန့်ပြန်ခဲ့ပါတယ်။

သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကော်မတီရဲ့ ဖြစ်ထွန်းတိုးတက်မှု နဲ့ ပတ်သက်လို့ သတင်းဌာန အများအပြားက တနင်္လာနေ့က ဖေါ်ပြခဲ့ကြရာမှာ သမ္မန်စာရဲ့မိတ္တူ ဒါမှမဟုတ် ဒီစုံစမ်း စစ်ဆေးမှုနဲ့ သိအကျွမ်းဝင်တဲ့သူတချို့နဲ့ ဆွေးနွေးမှုတွေကို ထောက်ပြခဲ့ကြပါတယ်။

အအစိုးရ ရှေ့နေတွေက ကော်မတီ အနေနဲ့ ၂၀၁၇ ဇန်နဝါရီလက သမ္မတ Trump ရာထူးလက်ခံစဉ် ကျင်းပခဲ့တဲ့ အခန်းနားတွေကနေ ကောက်ခံရရှိတဲ့ ရံပုံငွေ ၁၀၇ သန်းကို ကော်မတီက အလွဲသုံးစား လုပ်ခဲ့တာကို စုံစမ်း စစ်ဆေးနေတာ ဖြစ်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွက် ငွေတွေ လှုဒါန်းခဲ့တာကြောင့် အပြန်အလှန်သဘောနဲ့ အကျိုးခံစားခွင့် ပေးခဲ့သလား ဆိုတာအပြင် လှုဒါန်းကြတဲ့သူတွေထဲမှာ နိုင်ငံခြားကလူတွေ ပါမပါ ဆိုတာကိုပါ စုံစမ်း စစ်ဆေးနေတာပါ။ သမ္မတ ကျမ်းစ္စာကျိန်ဆိုပွဲ အခမ်းအနားတွေ အတွက် နိုင်ငံခြားသားတွေ လှုဒါန်းခွင့်ကို အမေရိကန်ဥပဒေက တားမြစ်ထားတာ ဖြစ်ပါတယ်။

အစိုးရရှေ့နေတွေက ဆင့်ခေါ် တောင်းဆိုထားတဲ့စာကို သူတို့အနေနဲ့ လက်ခံ ရရှိခဲ့ကြောင်း၊ ဒီကိစ္စအတွက် အစိုးရရှေ့နေတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် ပြန်လည် သုံးသပ်မှုတွေ ပြုလုပ်နေကြောင်း သမ္မတကျမ်းသစ္စာကျိန်ဆိုရေး ကော်မီတီ ပြောခွင့်ရက ပြောတာကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG