သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခတွေအတွင်း လိင်အကြမ်းဖက်မှု တားဆီးရေး ကုလ တိုက်တွန်း


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ ပရာမီလာပက်တန် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ (MOI)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ ပရာမီလာပက်တန် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ (MOI)

ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ဖြေရှင်းရေး နဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ကတိပြု ထားတာတွေကို အခိုင်အမာဆောင်ရွက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကာကွယ်ရေးဆိုင်ရာ ဥပဒေကြမ်းကိုလည်း နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ အညီ အမြန်ဆုံးအတည်ပြုပေးဖို့ကိုလည်း သူမက တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ ပရာမီလာပက်တန်ဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ၈ ရက်နေ့ အထိ ရန်ကုန် နဲ့ နေပြည်တော်မြို့တွေကို ၄ ရက်ကြာသွားရောက်ခဲ့ပါတယ်။

မစ္စပက်တန်ဟာ ဒီခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတချို့နဲ့ တွေ့ဆုံခဲ့သလို အရပ်ဖက်အဖွဲ့အစည်းတွေ နဲ့ ကုလသမဂ္ဂအပါအဝင် တခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကုလသမဂ္ဂ နဲ့ မြန်မာအစိုးရတို့ကြား ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တားဆီးကာကွယ် တုံ့ပြန်ရေးဆိုင်ရာ ပူးတွဲကြေညာာချက်အရ၊ ဒီအကြမ်းဖက်မှုတွေကို တိကျတဲ့အချိန်ကာလ သတ်မှတ်ပြီး တိုက်ဖျက်ဖို့၊ ကတိကဝတ်တွေကို လိုက်နာဆောင်ရွက်ဖို့၊ မြန်မာစစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို တားမြစ်ပိတ်ပင်တဲ့ အမိန့်တွေထုတ်ပြန်ဖို့ ၊ တိုင်ကြားချက်တွေကို အချိန်မီစုံစမ်းပြီး၊ ကျူးလွန်သူတွေကိုလည်း အရေးယူဖို့တွေပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

သူမအတွက်တော့ ဒါဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက်သွားရောက်တဲ့ခရီးစဉ်ဖြစ်ပြီး၊ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး၊ အစိုးရဘက်က လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီးလည်း အားတက်မိတယ်လို့ ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG