သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုအတွေး၊ ပြည်ထောင်စုအရေး (တိုက်ရိုက်လေလှိုင်း)


myanmar union day
myanmar union day

ဖေဖော်ဝါရီလ ၁၂၊ ၂၀၁၉။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ မြန်မာလွတ်လပ်ရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေမျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုတရပ်ပေါ်ထွန်းရေးအတွက် ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ နေ့ဖြစ်ပါတယ်။

၇၂ နှစ်မြောက်ခဲ့ပေမယ့် တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် တောင်းဆိုလှုပ်ရှားနေရဆဲပါ။ ပင်လုံစိတ်ဓါတ်ကို အရင်းပြုလို့ ဒုတိယပင်လုံညီလာခံဆိုပြီး လက်ရှိ အစိုးရက ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းနေရဆဲပါ။

တိုင်းရင်းသားလိုလားကြတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘယ်လို အခက်အခဲတွေရှိလဲ၊ ဖြစ်နိုင်ချေ အလားအလာကောင်းတွေဘယ်လောက်ရှိလဲ၊ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာဆွေးနွေးထားပါတယ်။

တိုင်းရင်းသားဒေသတွေမှာ အခြေစိုက်တဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရေစီတပ်ဦး ဥက္ကဌဟောင်းဖြစ်သူ ဒေါက်တာနိုင်အောင်နဲ့၊ မြန်မာ့အရေးသုံးသပ်သူ စာရေးဆရာ ဒေါက်တာရန်မျိုးသိန်းတို့က ပင်တိုင်ဆွေးနွေးထားကြပါတယ်။

ပြည်ထောင်စုအရေး၊ ပြည်ထောင်စုအတွေး (တိုက်ရိုက်လေလှိုင်း)
please wait

No media source currently available

0:00 0:22:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG