သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဂိုဏ်း သုံးဖွဲ့


အဓိက မူးယစ်ဂိုဏ်း သုံးဖွဲ့ကို ဖြိုခွင်းနိုင်ပြီး စိတ်ကြွဆေး ၁၅ သန်းနီးပါးနှင့် ဆေးခြောက်တစ်တန်ကျော် သိမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းမူးယစ် နှိမ်နင်းရေး ရဲတပ်ဖွဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းအခြေဆိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံဘန်ကောက်မြို့ ဝိဖဝတီလမ်စစ် လမ်းက မူးယစ်နှိမ်နင်းရေးဗျူရိုမှာ ဒုရဲချုပ် ချလန်ကရက် စီဝါရာခန် ဦးဆောင်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ယခုရက်ပိုင်းထိုင်းမြန်မာနယ်စပ် ချင်းရိုင်ဒေသကနေ စိတ်ကြွဆေး အမြောက်အများ ထိုင်းနိုင်ငံ အတွင်းပိုင်း မြို့နယ်တွေအထိ သယ်ဆောင်လာနေတာကိုအဓိကထားပြောသွားခဲ့တာပါ။
ဒီရက်ပိုင်းမှာပဲ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လို့ ဒုရဲချုပ်ချလန်ကရက် စီဝါရာခန် အခုလိုပြောသွားပါတယ်။ ထိုင်းနိုင်ငံသား တရားခံသုံးဦး ကို လော့ပ ဘူရီ၊ နကော်ဖနုံနဲ့စကိုနကော် ခရိုင်တွေမှာ စိတ်ကြွဆေးပြားပေါင်း ၁၄,၄၀၀,၀၀၀ (တဆယ်လေးသန်းလေးသိန်း) ကို ကားတွေနဲ့ သယ်ဆောင်လာစဉ် ကြားဖြတ်ပြီး ဖမ်းဆီးနိုင်ခဲ့တာလို့ဆိုပါတယ်။ ဆေးခြောက် ကီလို ၁၀၉၀ ကတော့ လာအိုနိုင်ငံကနေ ထိုင်းနိုင်ငံ နောင်ခိုင်ကတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်း သယ်ဆောင်လာစဉ် အူထိုင်ဌာနီမှာဖမ်းမိခဲ့တာပါ။ ယခုလ ၁၁ ရက်နေ့ကလည်း ထိုင်းမြန်မာနယ်စပ် ချင်းဒေါင်မှာ တပ်ဖွဲ့ဝင် ၃၀၀ ခန့်ဟာ မူးယစ်ဆေးနဲ့ ဆက်နွယ်နေသူတွေရဲ့တရုတ်နွယ်ဖွား တောင်ပေါ်တိုင်းရင်းသား တွေနေထိုင်နေတဲ့ နေရာ ၇ နေရာကို တပြိုင်တည်း ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြပါတယ်။ မူးယစ်ဆေးဝါးတွေကို သန်းနဲ့ချီပြီး နေ့စဉ်နီးပါး ဆက်တိုက်ဖမ်းဆီးနိုင်ခဲ့တာဟာပြည်သူတွေရဲ့ ကြိုတင်သတင်းပေးချက်အရ ထိုင်းရဲတပ်ဖွဲ့တွေက ပိတ်ဆို့ ရှာဖွေဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း ပြောဆိုသွားပါတယ်။
ခုလို ထိုင်းနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ မူးယစ်ဘေးကပ်ဆိုးကိုထိုင်းနိုင်ငံတွင်းက ခရိုင်တွေမှာ မူးယစ်ကင်းစင်နယ်မြေ ဖြစ်လာနိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအားလုံးက ကြိုးစားနေတာကြောင့် အခုလိုဖမ်းမိတာဟာ အောင်မြင်မူတခုအဖြစ်လည်း ပြောဆိုသွားပါတယ်။ အဆိုပါ စစ်ဆင်ရေးမှာ နန်လီ ဆိုသူ တောင်ပေါ်တိုင်းရင်းသား အမျိုးသမီးတရားခံတစ်ဦးကို သူမ နေအိမ်မှာ ဖမ်းဆီးနိုင်ခဲ့ပြီး သူမ ပိုင်ဆိုင်တဲ့ ဘတ်သန်းပေါင်း ၂၀ ခန့် တန်ဖိုးရှိ အိမ်ခြံမြေနဲ့ပိုင်ဆိုင်ပစ္စည်းတွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းခဲ့ကြောင်း၊ နန်လီဟာ ထိုင်းမြောက်ပိုင်းက အဓိက မူးယစ်ဆေးဖြန့်နေသူ အဖြစ် ထိုင်းအစိုးရကအလိုရှိနေသူလည်း ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ထိုင်းအစိုးရကတော့ ထိုင်းမြောက်ပိုင်းကို မူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေးတွေ အဓိကလုပ်ရမဲ့ နယ်မြေအဖြစ် သတ်မှတ်ထားပြီး နေ့စဉ်ဝင်ရောက်လာနေတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း ဆက်တိုက် ဖမ်းဆီးနေတာဖြစ်ပါတယ်ရှင်။

အဓိက မူးယစ်ဂိုဏ်း သုံးဖွဲ့ကို ဖြိုခွင်းနိုင်ပြီး စိတ်ကြွဆေး ၁၅ သန်းနီးပါးနှင့် ဆေးခြောက်တစ်တန်ကျော် သိမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းမူးယစ် နှိမ်နင်းရေး ရဲတပ်ဖွဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံဘန်ကောက်မြို့ ဝိဖဝတီလမ်စစ် လမ်းက မူးယစ်နှိမ်နင်းရေးဗျူရိုမှာ ဒုရဲချုပ် ချလန်ကရက် စီဝါရာခန် ဦးဆောင်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ယခုရက်ပိုင်းထိုင်းမြန်မာနယ်စပ် ချင်းရိုင်ဒေသကနေ စိတ်ကြွဆေး အမြောက်အများ ထိုင်းနိုင်ငံ အတွင်းပိုင်း မြို့နယ်တွေအထိ သယ်ဆောင်လာနေတာကို အဓိကထားပြောသွားခဲ့တာပါ။
ဒီရက်ပိုင်းမှာပဲ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လို့ ဒုရဲချုပ်ချလန်ကရက် စီဝါရာခန် အခုလိုပြောသွားပါတယ်။ ထိုင်းနိုင်ငံသား တရားခံသုံးဦး ကို လော့ပ ဘူရီ၊ နကော်ဖနုံနဲ့စကိုနကော် ခရိုင်တွေမှာ စိတ်ကြွဆေးပြားပေါင်း ၁၄,၄၀၀,၀၀၀ (တဆယ်လေးသန်းလေးသိန်း) ကို ကားတွေနဲ့ သယ်ဆောင်လာစဉ် ကြားဖြတ်ပြီး ဖမ်းဆီးနိုင်ခဲ့တာလို့ဆိုပါတယ်။ ဆေးခြောက် ကီလို ၁၀၉၀ ကတော့ လာအိုနိုင်ငံကနေ ထိုင်းနိုင်ငံ နောင်ခိုင် ကတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်း သယ်ဆောင်လာစဉ် အူထိုင်ဌာနီမှာ ဖမ်းမိခဲ့တာပါ။ ယခုလ ၁၁ ရက်နေ့ကလည်း ထိုင်းမြန်မာနယ်စပ် ချင်းဒေါင်မှာ တပ်ဖွဲ့ဝင် ၃၀၀ ခန့်ဟာ မူးယစ်ဆေးနဲ့ ဆက်နွယ်နေသူတွေရဲ့တရုတ်နွယ်ဖွား တောင်ပေါ်တိုင်းရင်းသား တွေနေထိုင်နေတဲ့ နေရာ ၇ နေရာကို တပြိုင်တည်း ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြပါတယ်။ မူးယစ်ဆေးဝါးတွေကို သန်းနဲ့ချီပြီး နေ့စဉ်နီးပါး ဆက်တိုက်ဖမ်းဆီးနိုင်ခဲ့တာဟာ ပြည်သူတွေရဲ့ ကြိုတင်သတင်းပေးချက်အရ ထိုင်းရဲတပ်ဖွဲ့တွေက ပိတ်ဆို့ ရှာဖွေဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း ပြောဆိုသွားပါတယ်။
ခုလို ထိုင်းနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ မူးယစ်ဘေးကပ်ဆိုးကို ထိုင်းနိုင်ငံတွင်းက ခရိုင်တွေမှာ မူးယစ်ကင်းစင်နယ်မြေ ဖြစ်လာနိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအားလုံးက ကြိုးစားနေတာကြောင့် အခုလိုဖမ်းမိတာဟာ အောင်မြင်မူတခုအဖြစ်လည်း ပြောဆိုသွားပါတယ်။ အဆိုပါ စစ်ဆင်ရေးမှာ နန်လီ ဆိုသူ တောင်ပေါ်တိုင်းရင်းသား အမျိုးသမီးတရားခံတစ်ဦးကို သူမ နေအိမ်မှာ ဖမ်းဆီးနိုင်ခဲ့ပြီး သူမ ပိုင်ဆိုင်တဲ့ ဘတ်သန်းပေါင်း ၂၀ ခန့် တန်ဖိုးရှိ အိမ်ခြံမြေနဲ့ပိုင်ဆိုင်ပစ္စည်းတွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းခဲ့ကြောင်း၊ နန်လီဟာ ထိုင်းမြောက်ပိုင်းက အဓိက မူးယစ်ဆေးဖြန့်နေသူ အဖြစ် ထိုင်းအစိုးရက အလိုရှိနေသူလည်း ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ထိုင်းအစိုးရကတော့ ထိုင်းမြောက်ပိုင်းကို မူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေးတွေ အဓိကလုပ်ရမဲ့ နယ်မြေအဖြစ် သတ်မှတ်ထားပြီး နေ့စဉ်ဝင်ရောက်လာနေတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း ဆက်တိုက် ဖမ်းဆီးနေတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG