သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump တံတိုင်းကာရေး ရန်ပုံငွေအတွက် အရေးပေါ် အခြေအနေ ကြေညာ


Trump Border Security
Trump Border Security

အမေရိကန်သမ္မတ Donald Trump က နိုင်ငံတော်အရေးပေါ်အခြေအနေကို ဖေဖော်ဝါရီလ ၁၅ ရက်၊ ဒီကနေ့ သောကြာ နေ့မှာ ကြေညာလိုက်ပါတယ်။ ဒါကြောင့် မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်ရေး အစိုးရအသုံးစားရိတ်နဲ့ ပတ်သက်ပြီးလွှတ်တော်ရဲ့ ခွင့်ပြုချက်တောင်းခံဖို့ မလိုတော့ပါဘူး။ အဲဒီမတိုင်ခင်တရက်မှာတော့ အစိုးရလုပ်ငန်းတွေ နောက်တကြိမ်ထပ်ပြီး ရပ်ဆိုင်းမယ့် အခြေအနေကနေ ရှောင်ရှားနိုင်ဖို့ ရီပါဘလစ်ကန်နဲ့ ဒီမိုကရက်တို့ကြား လွှတ်တော်မှာ သဘောတူညီချက် ရခဲ့ကြတာပါ။

လွှတ်တော်နှစ်ရပ်က သဘောတူလိုက်တဲ့ ဥပဒေမူကြမ်းမှာ နယ်စပ်လုံခြုံရေးအတွက် ဒေါ်လာ ၁.၃၇ ဘီလီလျံ သုံးစွဲဖို့ ပါတီနှစ်ရပ်အကြား သဘောတူညီခဲ့ကြတဲ့အတွက် သမ္မတ Trump မူလက တံတိုင်းဆောက်ဖို့ တောင်းဆိုထားတဲ့ ဒေါ်လာ ၆ ဘီလီယံနီးပါးထက် အများကြီးလျော့နည်းနေတာဖြစ်ပါတယ်။

အခုလို အရေးပေါ်အခြေအနေကြေညာလိုက်တာဟာ သမ္မတ Trump က သူ့ရဲ့ မဲဆွယ်ပွဲအဓိက ကတိစကားဖြစ်တဲ့ တံတိုင်းကာရေး အကောင်အထည်ဖော်ဖို့ ဆောင်ရွက်လိုက်တာလည်းဖြစ်ပါတယ်။ အခုလိုကြေညာလိုက်တာဟာ သမ္မတက အာဏာကို အလွဲသုံးစားလုပ်တာဖြစ်တယ်လို့ အောက်လွှတ်တော်ဥက္ကဌ ဒီမိုကရက်ေခေါင်းဆောင် နန်စီပလိုစီကပြောကြားသွားပါတယ်။

သမ္မတရဲ့ ဒီအရေးပေါ်အခြေအနေ ကြေညာချက်ကို အတိုက်အခံ ဒီမိုကရက်တွေဘက်က ဥပဒေကြောင်းအရ စိန်ခေါ်လာနိုင်တဲ့အတွက် တံတိုင်းကာရံမယ့် အစီအစဉ်တွေ နှစ်နဲ့ချီ ကြန့်ကြာနိုင်ပါတယ်။

XS
SM
MD
LG