သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာနာမှုအကူအညီတင် ကန်စစ်လေယာဉ်သုံးစင်း ကိုလံဘီယာ နယ်စပ်ရောက်


Venezuela နိုင်ငံအတွက် လူသားချင်းစာနာကူညီမှုအထောက်အကူတွေ တင်လာတဲ့ အမေရိကန် စစ်ဖက်ကုန်တင်လေယာဉ်သုံးစင်းဟာ ကိုလံဘီယာနိုင်ငံ Cucuta ကို စနေနေ့ ကဆိုက်ရောက်ပါတယ်။ နယ်စပ်ကဖြတ်ပြီး Venezuela ပြည်သူတွေကိုပေးမယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ တင်လာတာပါ။

ဒါပေမယ့် အမေရိကန်နဲ့ အခြားတိုင်းပြည်တွေက ပို့တဲ့ ဒီအကူအညီတွေဟာ အခုအချိန်အထိ Venezuelaပြည်သူတွေဆီကို မရောက်သေးပဲ ကိုလံဘီယာ ဘရားဇီးမြီု့တွေနဲ့ Curacao မှာပဲ သောင်တင်နေပါတယ်။ Venezuela သမ္မတ Nicolas Maduro ကတော့ ဒီအကူညီတွေ မလိုအပ်ဘူးဆိုပြီးတော့ပဲ ငြင်းနေပါတယ်။

Venezuela ပြည်သူတွေဟာ စားနပ်ရိက္ခာ ဆေးဝါးနဲ့ နေ့စဉ်အသုံးအဆောင်တွေ ပြတ်လပ်နေပြီး၊ တိုင်းပြည်ရဲ့ လူဦးရည် ၁၀ ရာခိုင်နှုန်း လူ သုံးသန်းလောက်ဟာ တိုင်းပြည်ကနေ ထွက်ပြေးလာကြပါတယ်။ ရုရှားနဲ့ တရုတ်ကတို့ ထောက်ခံပေးထားတဲ့ သမ္မတ Maduro ဟာ စစ်တပ်ကို ချုပ်ကိုင်ထားပြီး၊ Venezuela နိုင်ငံတွင်း ပေးပို့မယ့် အထောက်အပံ့အကူအညီတွေကို ဝင်ခွင့်မပေးဘူး ဖြစ်နေပါတယ်။ အမေရိကန်နဲ့ နိုင်ငံအချို့ကတော့ အတိုက်အခံခေါင်းဆောင် Juan Guaido ကို ယာယီသမ္မတအဖြစ် အသိအမှတ်ပြု ထောက်ခံထာပါတယ်။ အတိုက်အခံခေါင်းဆောင် Guaido ကတော့ သူ့အနေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ တိုင်းပြည်ထဲ အကူအညီတွေ ရောက်အောက်လုပ်ဖို့ အစီအစဉ်ရှိတယ် အသေးစိတ်ကိုတော့ တနလာၤနေ့မှာ ထုတ်ပြန်မယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG