သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump နဲ့ Kim Jong Un ဗီယက်နမ်မှာ နောက်အပတ် တွေ့မည်

ထိပ်သီးစည်းဝေးပွဲအကြိုပုံရိပ်များ
ထိပ်သီးစည်းဝေးပွဲအကြိုပုံရိပ်များ

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ နောက်သီတင်းပတ်မှာ တွေ့ဆုံ ဆွေးနွေးကြတော့မှာဖြစ်ပါတယ်။ ဒါဟာဖြင့် ပြီးခဲ့တဲ့နှစ်ကလုပ်ခဲ့တဲ့ သမိုင်းဝင် ထိပ်သီးအစည်းအဝေးပြီးတဲ့နောက် ထပ်ပြီး တွေ့ဆုံ ကြမယ့် ထိပ်သီးအစည်းအဝေးပါ။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ဖို့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးသံတမန် Stephen Beigun နဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ် John Bolton တို့ ဗီယက်နမ်ကို ထွက်သွား ကြပါပြီ။

ဖေဖော်ဝါရီလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ လုပ်မယ်လို့ ခန့်မှန်းထားတဲ့ ဒီထိပ်သီးအစည်းအဝေးနဲ့ပတ်သက်လို့ ဘယ်နှကြိမ် တွေ့ကြမယ်၊ ဘယ်လောက်ကြမယ် စတဲ့အသေးစိတ်တွေကို အခုချိန်ထိ မထုတ်ပြန်သေးပါဘူး။

တရားဝင်ပြောထားတဲ့ ဆွေးနွေးမယ့် အကြောင်းအရာက “ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းရှင်းရေး” ဆိုတဲ့ကိစ္စ ဖြစ်ပေမယ့် အဲဒါ ဘာကိုဆိုလိုတယ်ဆိုတဲ့ နှစ်ဘက်ကြား အတိအကျ သဘောတူညီချက်မျိုး ရှိထားတာမဟုတ်ပါဘူး။

မြောက်ကိုရီးယားဘက်က အတိအကျ ဘာတွေ လုပ်ဆောင်ရမယ်၊ အပြန်အလှန်အားဖြင့် အမေရိကန်ဘက်က ဘာတွေ ကမ်းလှမ်းမယ်ဆိုတာကို အထူးသံတမန် Beigun နဲ့ မြောက်ကိုရီးယားဘက်က Kim Jong-un ရဲ့ ထိပ်တန်းလက်ထောက် Kim Hyok Chol တို့ ဒီသီတင်းပတ်အတွင်း ဗီယက်နမ်မှာ ဆွေးနွေးကြမှာပါ။

၂၀၁၈ ခုနှစ်၊ ဇွန်လက စင်္ကာပူမှာလုပ်တဲ့ ထရမ့်ပ်နဲ့ကင်မ်တို့ကြား ထိပ်သီးအစည်းအဝေးက မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့လည်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား ကင်းရှင်းရေး ဦးတည်လုပ်ဆောင်ဖို့ ကတိကဝတ်ပြုကြတယ်ဆိုတဲ့ ထုတ်ပြန်ချက်လောက်နဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။

အခုအစည်းအဝေးနဲ့ပတ်သက်ပြီး သမ္မတထရမ့်ပ် ပြောထားတာကတော့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး သူ့အနေနဲ့ အလောတကြီး လုပ်ဖို့မရှိပေမယ့် နျူကလီးယားစမ်းသပ်တာတွေကို မြောက်ကိုရီးယားက ရပ်ဆိုင်းဖို့တော့ သေချာစေချင်တယ်လို့ ဆိုထားပါတယ်။

This item is part of
XS
SM
MD
LG