သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားစစ်သားတချို့ အတိုက်အခံဘက် ကူးပြောင်း


လူသားချင်းစာနာမှုပစ္စည်းပါ ကားတန်းပေါ် လိုက်ပါလာတဲ့ဗင်နီဇွဲလား ယာယီသမ္မတ Juan Guaido၊ ၂၃ ဖေဖော်ဝါရီ ၂၀၁၉။
လူသားချင်းစာနာမှုပစ္စည်းပါ ကားတန်းပေါ် လိုက်ပါလာတဲ့ဗင်နီဇွဲလား ယာယီသမ္မတ Juan Guaido၊ ၂၃ ဖေဖော်ဝါရီ ၂၀၁၉။

ဗင်နီဇွဲလားစစ်ဘက်က တပ်ဖွဲ့ဝင် ငါးဦးထက်မနည်း အတိုက်အခံဘက်ကို ကူးပြောင်းတဲ့အကြောင်း ကြေညာထားကြပါတယ်။ ပေးပို့ဖို့ရှိတဲ့ လူသားစာနာမှုအကူအညီတွေ နယ်စပ်ဂိတ်တွေမှာ ရောက်နေချိန်မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ပဋိပက္ခတွေလည်း ဖြစ်ထားပါတယ်။

ကြည်းတပ်ဗိုလ်မှူး Hugo Parra က အတိုက်အခံဘက်ကို ကူးပြောင်းတဲ့အကြောင်း စနေနေ့ကကြေညာပြီး အတိုက်အခံ ခေါင်းဆောင် Juan Guaido ကို ဗင်နီဇွဲလားရဲ့ တရားဝင်သမ္မတအဖြစ် သူ အသိအမှတ်ပြုတယ်လို့ ဗွီအိုအေကိုပြောပါတယ်။

ဗင်နီဇွဲလား အိမ်စောင့်တပ်ဖွဲ့ဝင် လေးဦးလည်း စနေနေ့အစောပိုင်းက ဘက်ပြောင်းလိုက်ကြတယ်လို့ ကိုလမ်ဘီယာ တာဝန်ရှိသူ တွေကပြောပါတယ်။ အဲဒီတပ်ဖွဲ့ဝင်လေးဦးဟာ လက်နက်ချတဲ့ လက္ခဏာအနေနဲ့ သေနတ်ကိုင်ထားတဲ့ သူတို့လက်တွေကို ခေါင်းပေါ်မှာမြှောက်တင်ပြီး နယ်စပ်ကိုဖြတ်ပြီးတော့ ကိုလမ်ဘီယာနိုင်ငံထဲ ဝင်လာခဲ့ကြတယ်လို့ ကိုလမ်ဘီယာ တာဝန်ရှိသူတွေ က ပြောပါတယ်။

အဲဒီတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ကို ချီးကျူးတဲ့အကြောင်း အတိုက်အခံခေါင်းဆောင် Juan Guaido က Twitter မှာ ရေးပါတယ်။ “သူတို့ဟာ တပ်ပြေးတွေမဟုတ်ပါဘူး၊ လူထုနဲ့ အခြေခံဥပဒေဘက်မှာ ရပ်တည်ဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတာပါ” လို့ Juan Guaido ကရေးပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကလည်း Guaido ဘက်ကို သူထောက်ခံတဲ့အကြောင်း Twitter မှာရေးပြီး “ဗင်နီဇွဲလား လူထုဟာ သူတို့နိုင်ငံနဲ့ သူတို့အနာဂတ်ကို ပြန်ရယူဖို့ အဆင်သင့်ဖြစ်နေပြီး သမိုင်းမှတ်တမ်းတင်မယ့် အဆင့်မှာ ရောက်နေကြပြီ” လို့ပြောပါတယ်။

XS
SM
MD
LG