သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီးယား ရွေးကောက်ပွဲ မဲဆက်လက်ရေတွက်


မဲပေးဖို့စောင့်နေတဲ့ နိုင်ဂျီးရီးယားနိုင်ငံသူများ၊ ၂၃ ဖေဖော်ဝါရီ ၂၀၁၉။
မဲပေးဖို့စောင့်နေတဲ့ နိုင်ဂျီးရီးယားနိုင်ငံသူများ၊ ၂၃ ဖေဖော်ဝါရီ ၂၀၁၉။

နိုင်ဂျီးရီးယား နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသတို့က အကြမ်းဖက်မှု အနှောင့်အယှက်တွေကြားကဘဲ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ သမ္မတ ရွေးကောက်ပွဲက မဲရလဒ်တွေကို စနေနေ့မှာ စတင်ရေတွက်ပါတယ်။ မဲဆန္ဒရှင် ၇၂ သန်း ကျော်ရှိတဲ့ နိုင်ဂျီးရီးယား ရွေးကောက်ပွဲက ကျင်းပဖို့ နှောင့်နှေးခဲ့ရပြီးနောက် မနေ့ စနေနေ့က ကျင်းပခဲ့တာမှာ သမ္မတ Muhammadu Buhari ကလည်း သူ့ဇာတိ Daura မှာ မဲထည့်ခဲ့ပါတယ်။

မဲပေးဖို့ နာရီပိုင်း အလိုမှာဘဲ နိုင်ငံ အရှေ့မြောက်ပိုင်း ဘိုနို ပြည်နယ်ရဲ့ မြို့တော် Maiduguri မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်။ တိုက်ခိုက်မှုကို ကနဦးမှာ ငြင်းဆိုခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ဘိုကိုဟာရန် တိုက်ခိုက်ရေး သမားတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မြို့ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းတာ ဖြစ်ကြောင်း နိုင်ဂျီးရီးယား လုံခြုံရေး တပ်ဖွဲ့တွေဘက်က အတည်ပြုခဲ့ပါတယ်။ လက်နက်ကြီးကျည်တွေ နေရာ တချို့ကို ထိမှန်ခဲ့ပေမယ့်လည်း သေဆုံးသူ မရှိကြောင်း၊ နောက်ပိုင်းမှာ တိုက်ခိုက်ရေး သမားတွေ ပြန်ဆုတ်သွားတယ်လို့ ဘိုနိုပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

စစ်သား တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့တော့ တခြား လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အရှေ့မြောက်ပိုင်း ဒေသက Geidam မြို့မှာတော့ မဲပေးမှု မစခင်မှာဘဲ စစ်စခန်း တခု တိုက်ခိုက်ခံရပါတယ်။ ထိခိုက် သေဆုံးမှု မရှိကြောင်းနဲ့ အခြေအနေ ထိန်းသိမ်းပြီးနောက်မှာတော့ ဒေသခံတွေ မဲပေးခွင့် ရခဲ့တယ်လို့ စစ်တပ် ပြောခွင့်ရ ဗိုလ်မှူးကြီး Musa Sagir က ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ်လို့လည်း နိုင်ငံတဝန်းမှာတော့ ထူးထူးခြားခြား အနှောင့်အယှက်တွေ ရှိခဲ့ပုံ မရပါဘူး။ သက်ရောက်မှု ရှိခဲ့တဲ့ ဒေသတွေမှာ အချိန်နောက်ကျပြီးမှ ဖွင့်နိုင်ခဲ့တဲ့ မဲရုံ တချို့ကိုတော့ တနင်္ဂနွေနေ့ အထိ အချိန်တိုးပေးရနိုင်ပါတယ်။ တချို့ ဒေသတွေမှာတော့ မဲပေးစက် ချို့ယွင်းတာကြောင့် မဲပေးချိန်ကို နာရီတိုးပေးခဲ့ရပါတယ်။

XS
SM
MD
LG