သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ပဋိပက္ခ ၂၀၁၈အတွင်း လူ လေးထောင်နီးပါး သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံမှာ မနှစ်ကဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေး ၉၂၇ ယောက်အပါအဝင် အရပ်သား ၃၈၀၀ ထက် မနည်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အရပ်သားတွေ အများဆုံး စံချိန်တင် သေဆုံးတာဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံက ကုလသမဂ္ဂအကူအညီပေးရေးမစ်ရှင်အဖွဲ့ (UNAMA) က ဒီကနေ့မှာ အစီရင်ခံစာသစ်ထုတ်ပြန်ချက်အရတော့ အကြမ်းဖက်မှုတွေ အရှိန်အဟုန်မြင့်လာနေတဲ့အတွက် အရပ်သား ၇၂၀၀ လောက် ဒဏ်ရာရခဲ့ပြီး၊ ၂၀၁၈ ခုနှစ်အတွင်းမှာ အရပ်သား ထိခိုက်မှုက ၅ % မြင့်တက်လာတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီလို ထိခိုက်သေဆုံးမှုတွေမြင့်တက်လာတာဟာ IS အစွန်းရောက်တွေ နဲ့ ဆက်စပ်တဲ့ အာဖဂန်ကအကြမ်းဖက်အဖွဲ့ ISKP အဖွဲ့ရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ မြင့်တက်လာတာနဲ့ အာဖဂန်အစိုးရကိုထောက်ခံတဲ့ တပ်ဖွဲ့တွေဘက်က နယ်မြေရှင်းလင်းရေးအပါအဝင် လေကြောင်းကနေလုပ်တဲ့ စစ်ဆင်ရေးတွေကြောင့် အခုလိုအရပ်သားထိခိုက်မှုဟာ သိသိသာသာမြင့်တက်လာခဲ့တာဖြစ်တယ်လို့ ဒီအစီရင်ခံစာထဲမှာ အပြစ်တင်ထားပါတယ်။

၂၀၁၈ အတွင်း ကလေးသူငယ် သေဆုံးမှုစံချိန်တင်မြင့်မား ခဲ့တာကတော့ တုန်လှုပ်ဖွယ်ရာ ကောင်းတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet က ပြောထားတာကိုလည်း ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အရပ်သားသေဆုံးမှုရဲ့ အများစုဖြစ်တဲ့ ၆၃ % ကတော့ တာလီဘန်တွေ၊ ISKP အဖွဲ့တွေ နဲ့ တခြားစစ်သွေးကြွတွေလို အစိုးရကို ဆန့်ကျင်တဲ့အဖွဲ့တွေရဲ့ လက်ချက်ဖြစ်ပြီး ကျန်တဲ့ ၃၇ ရာခိုင်နှုန်းကတော့ အာဖဂန်တပ်တွေ နဲ့ အမေရိကန်ဦးဆောင်တဲ့ ပြည်ပတပ်တွေကြောင့်လို့ ဆိုထားပါတယ်။

XS
SM
MD
LG