သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့ Kim ဗီယက်နမ်မှာ တွေ့ဆုံ (သတင်းဓါတ်ပုံ)

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ပထမရက်အဖြစ် တွေ့ဆုံ ကြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်က သမ္မတထရမ့်ပ်နဲ့ ထိပ်သီးအစည်းအဝေး အောင်မြင်မယ်လို့ မျှော်လင့်ကြောင်း ပြော ပါတယ်။ သမ္မတထရမ့်ပ်ကလည်း အလားတူမျှော်လင့်ကြောင်းပြောပြီး မြောက်ကိုရီးယားရဲ့ “ကြီးမားတဲ့” စီးပွားရေးအလားအလာ ကို ချီးကျူးပြောဆိုပါတယ်။

XS
SM
MD
LG