သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးမြို့ပေါ် လက်နက်ငယ် ပစ်ခတ်သံများကြောင့် ဒေသခံတွေစိုးရိမ်


 မြောက်ဦးမြို့နဲ့ ရခိုင်ပြည်နယ်ရှိအခြားမြို့ပြ မြေပုံ
မြောက်ဦးမြို့နဲ့ ရခိုင်ပြည်နယ်ရှိအခြားမြို့ပြ မြေပုံ

မြောက်ဦးမြို့မှာ အခု ဒီကနေ့ ညပိုင်းမှာ လက်နက်သံတွေ ၈မိနစ် ဝန်းကျင်လောက် ကြားခဲ့ရတယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။

အခု ပိုင်း ၇နာရီခွဲကျော် ၈ နာရီလောက်မှာ မြောက်ဦးမြို့ပေါ်ကနေ ကြားနေရတဲ့ လက်နက်ပစ်ခတ်သံတွေဖြစ်ပါတယ်။ ဒီလို ပစ်ခတ်သံတွေကြောင့် မြို့ခံတွေအကြား စိုးရိမ်မှုတွေ တိုးနေပါတယ်။ သူပုန်တွေက ပစ်တာလား၊ မြို့နားမှာ ဖြတ်သွားတဲ့ စစ်ကားတွေကနေ ခြောက်လှန့်ပစ်ခတ်တာလား၊ ဒါမှမဟုတ် တိုက်ပွဲဖြစ်တာလား ဆိုတာတွေကို အတည်ပြုလို့မရသေးပါဘူး။

ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်မြောက်ပိုင်းမှာဖြစ်နေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်တို့အကြား တိုက်ပွဲတွေဟာ အခုဆိုရင် မြောက်ဦးမြို့နယ်ထဲအထိ ကူးစက် နေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းတုန်းကလဲ နှစ်ဖက် အပြန်အလှန်လက်နက်ကြီးတွေ ပစ်ခတ်တာဟာ မြောက်ဦးမြို့ထဲအထိ လက်နက်ကြီး ထိမှန်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ညပိုင်းမှာတာ့ လက်နက်ကြီးမဟုတ်ပဲ လက်နက်ငယ်သံတွေကို ၅မိနစ်ကျော်ကြာ ဆက်တိုက်ဆိုသလို ကြားလိုက်ရတာကြောင့်၊ မြောက်ဦးမြို့ခံတွေ ထိတ်လန့်နေကြပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ညကစလို့ အခု ည ဖြစ်တဲ့အခြေအနေအထိ မြောက်ဦးမြို့အတွင်း ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ အာဏာပိုင်တွေ နဲ့ စစ်ဖက်က တစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG