သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးဒေသတွင်းတိုက်ပွဲတွေအဆုံးသတ်ဖို့ ရှေးဟောင်းသုတေသနအဖွဲ့ တောင်းဆို


ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရရေး ကြိုးပမ်းနေဆဲ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသကို စစ်မဲ့ဇုံအဖြစ်သတ်မှတ်ပေးဖို့၊ စေတီပုထိုးတွေကို ခံတပ်သဖွယ် အကာအကွယ်ယူ အသုံးမပြုဖို့အပါအဝင် နှစ်ဘက် လက်နက်ကိုင်တပ်ဘက်က ပစ်မှတ်ထား မတိုက်ခိုက်ဖို့နဲ့ မြောက်ဦးရှေးဟောင်း အမွေ အနှစ်တွေ စစ်ဘေးဒဏ် မသင့်ဖို့အရေး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အနေနဲ့ အလေးအနက်ထား ဖြေရှင်းပေးဖို့ မြန်မာရှေးဟောင်း သုတေသနပညာအသင်းက မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခများကြား ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ရမယ့် ၁၉၅၄ Hague နိုင်ငံတကာ သဘောတူညီချက်ကို မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားခဲ့အတွက် ဒီနိုင်ငံတကာသဘောတူညီချက်ကို လေးစားလိုက်နာပေးဖို့လည်း တိုက်တွန်းထားပါတယ်။ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသတွင်း လက်နက်ကြီးကျည်တွေ ကျရောက်တဲ့ကိစ္စအရေး ဖြေရှင်းပေးဖို့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကို တောင်းဆိုတဲ့ မြန်မာရှေးဟောင်း သုတေသနပညာအသင်းရဲ့ အတွင်းရေးမှူး ကိုသူရအောင်ကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသူရအောင်။ ။ အရေးကြီးလုပ်ဆောင်ရမယ့်ဟာက ပထမဦးဆုံးတချက်ကတော့ အခု ဒီ conflict ကို အမြန်ဆုံးရပ်တန့်ဖို့ပေါ့နော် ။ AA က တပ်စွဲထားရင်လည်း AA မြောက်ဦးကနေ တခြားနေရာကိုသွားဖို့။ တပ်မတော်က တပ်စွဲထားရင်လည်း တပ်မတော်က မြောက်ဦးမှာ တပ်စွဲတာမျိုးမလုပ်ပဲနဲ့ တပ်မတော်ကရော AA ကရော ရွှေ့ဖို့လိုတယ်။ အိုကေ အဲဒီ conflict ပြီးသွားပြီ လက်နက်ကိုင် ဒီမှာ မရှိတော့ဘူး အဲဒီအဆင့်ပြီးသွားရင် သူတို့ ၂ ဖက်တပ်တွေ withdraw လုပ်သွားပြီဆိုတဲ့အခါကျတော့ ကျနော်တို့က အပျက်အစီးစာရင်းကို ကောက် ၊ ဘယ်လောက်ပျက်ဆီး သွားသလဲဆိုတာတွေလုပ်ရမယ် အဲဒီအခါမှာ ပျက်စီးသွားတယ် အပျက်အစီးစာရင်းအပေါ်မှာ မူတည်ပြီးတော့ ဘာတွေဆက်လုပ်ရမယ်။ ဘယ်လို protection လုပ်ရမယ် ဆိုတာတွေ ဆက်သွားရမှာပေါ့နော်။ လောလောဆည်မှာတော့ အဓိကတော့ ၂ ဖက်တပ်တွေက မြောက်ဦးအမွေအနှစ်ဒေသကနေ စွန့်ခွာသွားတာ အကောင်းဆုံးလို့ ကျနော်ကတော့ မြင်ပါတယ်။

မဆုမွန်။ ။အထူးသဖြင့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသမှာပေါ့နော် လက်နက်ကြီး တွေကျတာလည်း ရှိခဲ့တယ်ဆိုတော့ ဒီအပျက်အစီးနဲ့ ထိခိုက်မှုနဲ့ ပတ်သက်ပြီးတော့ ဒီအသင်းအနေနဲ့ ဘာများ သိထားတာရှိပါသလဲ။

ကိုသူရအောင်။ ။နောက်ဆုံးအခြေအနေကတော့ ကျနော်တို့ သိထားတာကတော့ ပထမက ထုက္ကန်သိမ်ပုထိုးအနီးတွင်တည်ရှိတဲ့ အမွေအနှစ်ထိန်းသိမ်းရေး ဂိတ်တဲ ပေါ့နော် အဲဒီမှာ လက်နက်ကျလို့ ပျက်စီးသွားတယ်ပေါ့နော်။ နောက်ပြီးတော့ အနောက်မြေထဲဘုရားလည်း လက်နက်ထိမှန်လို့ ပျက်စီးတယ်ခင်ဗျ အဲဒီတော့ နောက်ဆုံးကြားရတာက ကိုးသောင်းဘုရားနားမှာ ဒီလောက်အထိပဲ ကျနော်တို့ သိရသေးတယ်။ အမွေအနှစ်တွေ ဘယ်လောက်ပျက်စီးသွားတယ်ဆိုတဲ့ စာရင်းအတိအကျတော့ ကောက်မှ ထွက်လာမယ်။ လောလောဆည်မှာတော့ သိသလောက်က ထုက္ကန်သိမ်ပုထိုး နှင့် အနောက် မြေထဲဘုရား ပျက်စီးတယ်လို့ပဲ သိရတာပေါ့နော်။

မဆုမွန်။ ။ အဲဒီတော့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဖို့ ကြိုးပမ်းနေတဲ့အချိန် မြောက်ဦးနဲ့ ပတ်သက်ပြီးတော့ ဒီလိုမျိုး မထိခိုက်ရအောင် နောက်ပြီးတော့ စာရင်းဝင်နိုင်ဖို့ဆိုပြီး လုပ်နိုင်ဖို့ကိုရော အသင်းအနေနဲ့ ဘာများဆောင်ရွက်နေတာ ရှိပါသလဲ။

ကိုသူရအောင်။ ။အခုမြောက်ဦး Conflict ဖြစ်တယ်ပေါေ့နာ် ။ ဖြစ်တော့ မြောက်ဦး အမွေအနှစ်တွေ လုပ်ဖြစတဲ့ အကြောင်းအရင် ကိုဖီအာနန်ရဲ့ report မှာလည်းပါတယ်။ မြောက်ဦးဒေသမှာ ရှေးဟောင်းသုတေသနတွေ အရှိန်မြှင့်ဖို့အတွက် ပါတယ်။ အခုကိုဖီအာနန်ရဲ့ report ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံနှင့်တကွ နိုင်ငံတော်အစိုးရအဖွဲ့ ကလူတွေက အကောင်အထည်ဖော်ဆောင်ရွက်နေတယ် အောင်မြင်အောင်ပေ့ါနော်။ ဒီမြောက်ဦးနဲ့ ပတ်သက်လို့ ရခိုင်အရေးနဲ့ ပတ်သက်ရင် အမြဲတမ်း နိုင်ငံတော် သမ္မတ သော်လည်းကောင်း နိုင်ငံတော်အတိုင်ပင်ခံ သော်လည်းကောင်းက အနီးကပ် ကြီးကြပ်ပြီးတော့ ဆောင်ရွက်သင့်တယ်လို့ အကြံပြုချင်တယ်။ အခု Conflict ဖြစ်တယ်ပေါေ့နာ် ၁၉၅၄ မှာ ကျင်းပတဲ့ နိုင်ငံတကာ ကွန်ဗန်းရှင်း ဒါက ဘာလဲဆိုတော့ စစ်ပွဲတွေကြားမှာ အမွေအနှစ် တွေကို ကာကွယ်စောင့်ရှောက်ဖို့ရန် ရည်ရွယ်တဲ့ ကွန်ဗန်းရှင်း ၊ အဲဒါက ၅၄ မှာ လုပ်တယ် လုပ်တော့ ၅၆ မှာ ကွန်ဗန်းရှင်းလုပ်ပြီး ၂ နှစ်အကြာမှာ လက်မှတ်ထိုးတယ် ဒါပေမယ့် အဲဒါကို လိုက်နာကျင့်သုံးရမယ့် ကျနော်ထင်တယ် ဒီလို ပဋိပက္ခဖြစ်တဲ့အနေအထားမှာ သူတို့ ကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးထားတဲ့ အချက်ကို တပ်မတော်ဘက်ကလည်း မေ့သလို၊ အစိုးရဘက်ကလည်း မေ့တယ် AA ဘက်ကလည်း မသိဘူးလို့ ကျနော်တို့ ယူဆတယ်ပေါ့နော်။ ကျနော်တို့က ဒါရှိတယ်ဆိုတဲ့အကြောင်းကို အသင်းအနေနဲ့ နိုင်ငံတော်အစိုးရ နဲ့ တာဝန်ရှိသူတွေ သိအောင် ၊ ပြည်သူတွေသိအောင် ဒီအချက်တွေနဲ့ ကာကွယ်လို့ ရတယ်၊ ကာကွယ်နိုင်တဲ့အနေအထားရှိတာကို ကျနော်တို့ ပြည်သူကို ချပြတယ်။ ဒါကျနော်တို့က awareness လုပ်တာပေါ့နော်။ ဆိုတော့ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးတို့ အတိုင်ပင်ခံရုံးတို့ ကို ကျနော်တို့ပို့မယ်။ ဝန်ကြီးချုပ်ရုံးလည်းပို့မယ် အဲဒါပြီးရင် မြောက်ဦး conflict ငြိမ်သွားပြီဆိုရင် ယဉ်ကျေးမှုဝန်ကြီးဌာနက အပျက်အစီးစာရင်းကောက်တဲ့နေရာမှာ လိုအပ်ရင် ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ထားတယ်ခင်ဗျ။

မဆုမွန်။ ။အခုမြောက်ဦးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရော၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ပေါ့နော် သက်ဆိုင်တဲ့ ဝန်ကြီးဌာနကိုရော မြန်မာရှေးဟောင်း သုတေသနပညာအသင်းအနေနဲ့ တိုက်ရိုက်တောင်းဆိုသွားဖို့ ရှိလားရှင့်။

ကိုသူရအောင်။ ။ဒါကိုလည်း တိုက်ရိုက် ကျနော်တို့ ဒီတပတ်အတွင်းမှာ ပို့မှာ ။ ဘာဖြစ်လို့လဲဆိုတော့ တဖက်က တပ်မတော်တဖက်က AA ဖြစ်နေတယ်ဆိုတော့ ကြားထဲက ဝန်ကြီးဌာန ဖြေရှင်းဖို့ မသာတဲ့ကိစ္စပါ။ နိုင်ငံတော်အတိုင်ပင်ခံ သော်လည်းကောင်း နိုင်ငံတော် သမ္မတ သော်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့ သော်လည်းကောင်း သူတို့ ကြားဝင်ဖြေရှင်းမှ ရမယ့်ကိစ္စလို့ ကျနော်တို့ ယူဆတဲ့အတွက် နိုင်ငံတော် သမ္မတရုံးတို့ အတိုင်ပင်ခံရုံးတို့ ကို ကျနော်တို့ စာပို့သွားပါမယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG