သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြပ်အတည်း ဘယ်လိုအဖြေရှာမလဲ (တိုက်ရိုက်လေလှိုင်း)


ancient pagoda in Mrauk-U, Rakhine
ancient pagoda in Mrauk-U, Rakhine

မတ်လ ၁၉၊ ၂၀၁၉။ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတပ်တို့အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ မြောက်ဦးမြို့နယ်တွေအထိ ကျယ်ပြန့်လာပါပြီ။ ဒေသခံမွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးတွေဖြစ်ပွားတဲ့ ပဋိပက္ခတွေနောက်ပိုင်း၊ အခု ထပ်ဖြစ်တဲ့ ရခိုင် AA အဖွဲ့နဲ့ အစိုးရတပ်အကြား စစ်ရေးတင်းမာမှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေ ပိုဆိုးသထက်ဆိုးလာတယ်လို့ ပြောရမှာပါ။

ပဋိပက္ခတွေနဲ့ ရှုပ်ထွေးပွေလီနေတဲ့ ရခိုင်နိုင်ငံရေးကို ဘယ်လိုဖြေရှင်းနိုင်မလဲ ဘယ်သူတွေ တာဝန်ရှိသလဲ အစဖြေဖို့ နည်းလမ်းကောင်းတွေမျှော်လင့်နိုင်ပြီလား အင်္ဂါနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ANP ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောနဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်တို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG