သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ဝန်ကြီးချုပ် အထူးအကြံပေးနဲ့ တွေ့ဆုံ


 ဂျပန်-ဝန်ကြီးချုပ် အထူးအကြံပေးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ (Myanmar State Counsellor Office)
ဂျပန်-ဝန်ကြီးချုပ် အထူးအကြံပေးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ (Myanmar State Counsellor Office)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့က ဂျပန်ဝန်ကြီးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဟီရိုတို အိဇုမိ နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံတွင်း ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ ဆောင်ရွက်နေတဲ့ ကိစ္စရပ်များဆိုင်ရာ တွေကို ဆွေးနွေးခဲ့ကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဂျပန်အစိုးရက မြန်မာနိုင်ငံတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူညီတွေ ပေးနေတာ ဖြစ်ပြီး အဲဒီထဲမှာ ရန်ကုန်မြို့ပြ ဖွံဖြိုးတိုးတက်ရေး စီမံကိန်းတွေနဲ့ ကရင်ပြည်နယ်က ပိုးထည် ထုတ်လုပ်ရေး လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ ဒါတွေကို ဂျပန်အစိုးရက ဆက်လက်ကူညီဖို့အပြင် ရခိုင်ပြည်နယ်တွင်း လူသာချင်းစာနာမှု ဆိုင်ရာ အကူညီတွေ ပေးဖို့နဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အကူညီတွေ ဆက်ပေးရေး အတွက် ဆွေးနွေးခဲ့ကြတာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ပဋိပက္ခတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ်အစိုးရက ဦးဆောင်ပြီး ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး အေဂျင်စီ (JICA) နဲ့ ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO) တို့ရဲ့ ပံ့ပိုးမှုနဲ့ ရခိုင်ပြည်နယ်မှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ဖိတ်ခေါ်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ဖေဖေါ်ဝါရီလက ငပလီမှာ ကျင်းပ ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG