သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Idai ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၇၀၀ ကျော်


မိုဇမ်ဘစ်နိုင်ငံ Beira ဆိပ်ကမ်းမြို့ကို Idai ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားပြီး ၁၀ ရက်အကြာမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပြည့်အ၀ ပြန်လုပ်နေကြပါတယ်။ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတွေကို ရှင်းလင်းဖယ်ရှားတာတွေ စတင်လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့လည်း အကုန်လုံး ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ဖို့အတွက်ကတော့ အချိန်အတော်ကြာအုံးမှာဖြစ်ပါတယ်။

ကွန်ပျူတာစနစ်တွေ ထိခိုက်ပျက်စီးသွားတာအပါအဝင် တခြားအကြောင်းကြောင်းတွေကြောင့် ၂ ရက် လောက် ပိတ်ထားရတဲ့ Beira မြို့ဆိပ်ကမ်းကို ပြန်ဖွင့်လိုက်ပြီး၊ အခုအခါမှာ အားလုံး နဂိုအတိုင်း ပြန်ပြီးတော လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကူညီကယ်ဆယ်ရေးအဖဲွဲ့တွေအနေနဲ့တော့ လမ်းတွေကို အသုံးပြုဖို့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။

ဆိပ်ကမ်းကတော့ လုပ်ငန်းတွေအကုန်လုံး အပြည့်အ၀ ပြန်လုပ်နေပြီး၊ မိုဇမ်ဘစ်နိုင်ငံတခုလုံး နဲ့ ၊ ဇင်ဘာဘွေ၊ ဇမ်ဘီယာ နဲ့ မာလာဝီနိုင်ငံ အားလုံးဟာ Beira မြို့ ဆိပ်ကမ်းကို အသုံးပြုနေကြတာကြောင့် လမ်းတွေ ပြန်ဖွင့်ဖို့ကိုပဲ ပြန်စောင့်နေတယ်လို့ ဆိပ်ကမ်းအာဏာပိုင်တဦးက ပြောပါတယ်။

မုန်တိုင်းကြောင့် တရားဝင်သေဆုံးသူအရေအတွက်ဟာ ၄၁၇ ယောက်အထိ ရှိသွားခဲ့ပြီဖြစ်တယ်လို့ မိုဇမ်ဘစ်နိုင်ငံရဲ့ သဘာဝပတ်ဝန်ကျင် မြေယာ နဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး Celso Correira က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG