မြန်မာ့လူငယ်နဲ့ ရွေးကောက်ပွဲ
(တိုက်ရိုက်လေလှိုင်း)
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဆိုတာဟာ အခြေခံအကျဆုံး ဒီမိုကရေစီအခွင့်အရေးတရပ် ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့၊ အနာဂတ်ကိုချယ်သမယ့် လူငယ်တွေအကြား ဘယ်လို သဘောထားကြပါသလဲ၊ ဘယ်လို နားလည်ကြသလဲ..ဆိုတာ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းမှာ မေးခွန်းထုတ် ဆွေးနွေးထားပါတယ်။
ရန်ကုန်တိုင်းလူငယ်ရေးရာကော်မတီ က ကိုနန်းလင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ကိုကောင်းထက်ကျော်နဲ့ New Myanmar Foundation က မမြနန္ဒာသင်း တို့ ပင်တိုင်ဆွေးနွေးထားပါတယ်။