သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကိုလက်နက်တင်ပို့သူ ဖေါ်ထုတ်ဖို့ ဘင်္ဂလားဝန်ကြီး တိုက်တွန်း


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပြဿနာဖြစ်အောင် လက်နက်ထောက်ပံ့နေတဲ့ ဇစ်မြစ်ကို ရှာဖွေ ဖေါ်ထုတ်ပြီး နေရာအနှံ့ အကြမ်းဖက်မှုတွေ ရပ်တံ့အောင်လုပ်ဆောင်ဖို့ ကုလသမဂ္ဂ ဌာနကြီး ၃ ခုရဲ့ အကြီးအကဲတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ ဌာနဆိုင်ရာ အကြီးအကဲတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ကို ကြာသပတေးနေ့က သွားရောက် တွေ့ဆုံစဉ် အခုလို တိုက်တွန်း လိုက်တာဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ လူပေါင်းရာချီ သေဆုံးခဲ့ရတဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့တဲ့နောက် အကြမ်းဖက်မှု ပြဿနာ အလားအလာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကြေညာချက်တွေမှာ လူတွေသေဆုံးရတာကိုသာ ပြောနေကြပြီး ဒီလိုသေဆုံးစေတဲ့ ကျည်ဆံတွေ လက်နက်တွေ ဘယ်က လာတယ်၊ ဘယ်သူကပေးနေတယ် ဆိုတာတွေကို ဘယ်သူမှ မပြောကြကြောင်းနဲ့ ဒါကို ဖေါ်ထုတ်နိုင်မှ အကြမ်းဖက်ဝါဒ ပပျောက်နိုင်မယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ၊ IOM အပြည်ပြည်ဆိုင်ရာ လူဦးရေပြောင်းရွှေ့မှုဆိုင်ရာ အကြီးအကဲ António Vitorino နဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock တို့ဟာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၃ ရက်ကြာ ခရီး သွားရောက်နေတာ ဖြစ်ပါတယ်။

ရခိုင်ကိုလက်နက်တင်ပို့သူ ဖေါ်ထုတ်ဖို့ ဘင်္ဂလားဝန်ကြီး တိုက်တွန်း
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG