သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ရွှေ့ပြောင်းတွေ လုပ်ခွင့်သက်တမ်းတိုးပေးရေး ထိုင်းအစိုးရသဘောတူ


ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ
ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းအစိုးရအလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံအလုပ်သမားညွန်ကြားမှုဦးစီးဌာနတို့ ဟာ အလုပ်သမားရေးရာကိစ္စများနဲ့ ပတ်သက်လို့ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ မေလ ၁၃ရက်နေ့က ဆွေးနွေးမှုလုပ်ခဲ့ရာမှာ တရားဝင်နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ လာတဲ့အလုပ်သမားတွေကိုသာ လက်ခံတော့မှာမို့ ၂၀၂၀ ခုနှစ်မတ်လ ၃၁ ရက်နေ့ သက်တမ်းကုန်ဆုံးမယ့် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ်နဲ့ ပတ်သက်လို့ နောက်ထပ် သက်တမ်း ၉ လ ထပ်မံတိုးပေးလိုက်ကြောင်း မေလ ၁၃ ရက်နေ့ မှာ သဘောတူညီမှုရခဲ့တယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေရဲ့ဆွေးနွေးပွဲ အတွင်းမှာ၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် Visa နှင့် Work Permit များကို ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ ထိ နောက်ထပ် ၉ လ သက်တမ်း တိုးပေးဖို့ ကိစ္စကို နှစ်နိုင်ငံကြားသဘောတူညီမူရရှိခဲ့တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ ဥက္ကဌ ဦးအောင်ကျော်က အခုလိုပြောပြပါတယ်။
“ မကြာသေးခင်ကမှ ထိုင်းအစိုးရက ထပ်မံသတိပေးထုတ်လိုက်တဲ့ ၂၀၂၀သက်တမ်း
မကုန်ခင်မှာပဲ တရားဝင် MOU နဲ့ လုပ်ရမယ်ဆိုတာကို ဆွေးနွေးကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ စက်ရုံအလုပ်ရုံကနေ အလုပ်သမားတွေရဲ့ ပကတိအခြေအနေက ဘာဖြစ်နေလဲဆိုတာ ကျနော်တို့ က အချက်လက်တွေ ချက်ချင်းကောက်တာ။ အမြန်ကောက်တာ။ ဆွေးနွေးပွဲအမှီ တင်ပြချင်လို့ ကောက်လိုက်တာပါ အလုပ်ရုံ၁၃ရုံကအချက်အလက်ရတယ်။ စက်ရုံ ၁၃ရုံက အလုပ်သမားတွေက MOU စနစ်နဲ့ ပတ်သက်လို့ ငွေကြေးကောက်ခံတာတွေက နှစ်နိုင်ငံအစိုးရတွေရဲ့ သတ်မှတ်နှုန်းထားထက် များနေတာတွေ့ရတယ်။ အလုပ်သမားတွေကလည်း အခုပဲ စီအိုင်တွေ လုပ်ထားတယ်။ ငွေကြေးတွေကုန်ထားတယ်။ အခုပဲဗီဇာတွေရှိရက်နဲ့ ချက်ချင်းပြန်ရမယ်ဆိုတာ အလုပ်သမားတွေက ဘဝင်မကျတော့ ကျနော်တို့က အချက်အလက်တွေကို အလုပ်သမားဝန်ကြီးဌာနကို စာတင်တယ်။ ပြီးရင် ဘန်ကောက် အလုပ်သမားသံအရာရှိရုံးကို ပူးတွဲပြီးစာတင်တယ်။ ဒီဆွေးနွေးပွဲမှာထပ်မံပြီး အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းပေးပါလို့ ပြောတဲ့အတွက် ဒီနေ့ ဆွေနွေးပွဲမှာ ၂၀၂၀ မတ်လ ၃၁ မှာ ဗီဇာတွေကို ၃၁ ရက်၂၀၂၀ ဒီဇင်ဘာအထိ ၉ လ သက်တမ်းထပ်မံတိုး ပေးတယ်ဆိုတဲ့အချက် ရလိုက်တယ်။”

ဒီအလုပ်သမားတွေဟာ သူတိုရဲ့ဗီဇာနဲ့ အလုပ်လုပ်ခွင့် သက်တမ်း မကုန်ဆုံးခင် ကာလအတွင်း ဘယ်နည်းနဲ့ မဆို MOU-U Turn Process ကို ဆောင်ရွက်ရမယ်ဆိုတာကိုတော့ ထိုင်းဘက်ခြမ်းနဲ့ အသေးစိတ်ညှိနှိုင်းပြီး ထပ်မံထုတ်ပြန်သွားမယ်လို့မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မြန်မာသံရုံးက အလုပ်သမားသံအရာရှိတွေကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ဆက်သွယ်လို့ မရခဲ့ပါဘူး။

ထိုင်းနိုင်ငံမှာလည်း ရွေးကောက်ပွဲကာလ ဖြစ်နေတဲ့အတွက် အစိုးရ ဖွဲ့စည်းဆောင်ရွက်နေတဲ့အချိန်မှာ အလုပ်သမားတွေကိုင်ဆောင်ထားတဲ့ စာအုပ်တွေနဲ့ ပတ်သက်လို့ စာအုပ်သက်တမ်းရှိသလောက် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရရှိရေးကို ဆက်လက်ညှိနှိုင်း တင်ပြသွားမှာဖြစ်ပြီး ၂၀၂၀မေလ လ ၃၁ရက်မတိုင်မီ ဗီဇာသက်တမ်းတွေတိုးထားကြဖို့ကိုလည်း ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာအလုပ်သမား သံအရာရှိရုံးက မေလ ၁၃ ရက်နေ့ နေစွဲနဲ့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG