မေလ ၁၅၊ ၂၀၁၉။ ပြည်သူက ရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို (စရဖ) စစ်ဖက်ထောက်လှမ်းရေးက လိုက်လံစောင့်ကြည့်သတင်းယူနေတဲ့အပေါ် ပြီးခဲ့တဲ့သီတင်းပတ် လွှတ်တော်မှာ မေးခွန်းထွက်လာတာနဲ့အတူပဲ၊ သာမန်လူထုအကြား စစ်ထောက်လှမ်းရေးတွေ ရဲထောက်လှမ်းရေးတွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။
လွှတ်တော်မှာပြဌာန်းပြီးသား “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ” အရဆိုရင် ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုကို ထိခိုက်စေနိုင်တဲ့ နောက်ယောင်ခံလိုက်တာ စုံစမ်းထောက်လှမ်းတာတွေကို ကန့်သတ်တားမြစ်ထားတာပါ။ ဒါကြောင့် လက်ရှိ ထောက်လှမ်းရေးအဖွဲ့အစည်းအသီးသီးဟာ ဒီ ဥပဒေကို လိုက်နာစောင့်စည်းမှုရှိပါရဲ့လား၊ အခု အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာဆွေးနွေးထားပါတယ်။
ပြည်ထောင်စု ရှေ့နေများနဲ့ ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ ဦးကြီးမြင့်၊ ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၊ မင်္ဂလာတောင်ညွှန်မြို့နယ် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလျယ် ဦးလှဌေးတို့ ပင်တိုင်ဆွေးနွေးထားပါတယ်။