သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကဆုန်လပြည့် ဗုဒ္ဓနေ့အတွက် သဝဏ်လွှာပေးပို့


ရွှေတိဂုံစေတီတော်
ရွှေတိဂုံစေတီတော်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီကနေ့ ကဆုန်လပြည့်နေ့မှာ ကျရောက်တဲ့ ဗုဒ္ဓနေ့အတွက် သဝဏ်လွှာပေးပို့လိုက်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ မေလ ၁၉ ရက်တွင်ကျရောက်သော ဗုဒ္ဓနေ့ကို ဆင်နွှဲနေကြသူအားလုံး ငြိမ်းချမ်းခြင်း ပျော်ရွှင်ခြင်းဖြင့် ပြည့်စုံပါစေကြောင်း အမေရိကန်ပြည်သူများကိုယ်စား နွေးထွေးသောဆုတောင်းမေတ္တာကို မိမိပို့သအပ်ပါသည်။

ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ စည်းလုံးညီညွတ်စွာ ဗုဒ္ဓဘုရားရှင် သိဒ္ဓတ္တဂေါတမ အား ကြည်ညိုသဒ္ဓါပွားများကြသကဲ့သို့ မိမိတို့ကလည်း မေတ္တာကရုဏာ၊ ပေးကမ်းစွန့်ကြဲမှုနှင့်ငြိမ်းအေးချမ်းသာမှု တို့၏စံတန်ဖိုးများကို ဂုဏ်ပြုလျက်ရှိပါသည်။

အမေရိကန်ပြည်ထောင်စုရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကလည်း မိမိတို့နိုင်ငံ၊ မိမိတို့ပြည်သူတို့ ပိုမိုခိုင်မာအားကောင်းရေးအတွက် ပါဝင်ဆောင်ရွက်ပေးနေကြပြီး ကမ္ဘာကြီးအတွက် ဗုဒ္ဓဘာသာဝင်တို့၏ နှစ်ပေါင်းနှစ်ထောင်ကျော် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် မိမိတို့၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းတို့မှာ ပိုမိုတိုးတက်ကြွယ်ဝလာခဲ့ပြီဖြစ်ပါသည်။ ငြိမ်းချမ်းသာယာ၍ ပျော်ရွှင်ဖွယ်ကောင်းသော ဗုဒ္ဓနေ့အခါသမယ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG