သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမူးယစ်ဂိုဏ်း ထိုင်းရဲဖမ်း


၂၀၁၃ ခုနှစ်တုန်းက ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။
၂၀၁၃ ခုနှစ်တုန်းက ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။

ထိုင်းနိုင်ငံ ချွန်ဖုန်းခရိုင်နဲ့ ထိုင်းတောင်ပိုင်းမှာ အဓိက မူးယစ် ဂိုဏ်းဝင်တွေကို ဆက်တိုက် ဖမ်းဆီးနိုင်ခဲ့သလို ကာလတန်ဖိုး ထိုင်းဘတ်ငွေ သန်း၄၀၀လောက် တန်ဖိုးရှိတဲ့စိတ်ကြွဆေး၃သန်းခွဲကို ဖမ်းမိကြောင်း အမှတ် (၈) ဒေသ မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ နကော်ဖနုန် ခရိုင် ကလောင်လွမ် မြို့နယ်အတွင်းမှာတော့ မြန်မာနိုင်ငံသား မူးယစ်ဂိုဏ်း ကို ထိုင်းရဲတွေက ဝင်ရောက်စီးနင်းခဲ့ရာမှာ လက်နက်တွေနဲ့အတူမြန်မာနိုင်ငံသား ၅ဦးကိုဖမ်းဆီးခဲ့ပါတယ်
ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံ နကော်ဖနုန် ခရိုင် ကလောင်လွမ် မြို့နယ်အတွင်းမှာ မြန်မာနိုင်ငံသား မူးယစ်ဂိုဏ်း ကို ထိုင်းရဲတွေက သူတို့နေထိုင်ရာ အခန်းတွဲကို မလ ၁၈ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ လက်နက်တွေနဲ့ အတူ မြန်မာနိုင်ငံသား ၅ဦးကိုဖမ်းဆီးခဲ့တာပါ။ မူးယစ်ဆေးဝါးဂိုဏ်း ရှိရာနေရာကို ရပ်ကွက်ထဲက ပြည်သူတွေက သတင်းပေး တိုင်ကြားချက်အရ ခုလို ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ငါးဦးနဲ့ လက်နက် ပါဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ သူတို့ကို ဖမ်းဆီးပြီး မူးယစ်ဆေး ရောင်းချနေမှုနဲ့ပါတ်သက်ပြီး ဆက်လက် စစ်ဆေးနေပါတယ်။

အလားတူေ မလ ၁၆ ရက်နေ့ကလည်း မူးယစ်ဆေးဝါးသုံးသန်းခွဲကို ဖမ်းဆီးမိခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း ချွန်ဖုန်းခရိုင်မှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိနေတာတွေနဲ့ ပတ်သက်လို့ ချွန်ဖုန်းမြို့ပိုင် ပြောသွားတာတော့-”မူးယစ်ဆေးဝါး နိမ်နင်ရေး ကာလမှာ လူငယ်တွေအကြား သုံးစွဲမှု တွေ ပိုများလာတာတွေ့ရပါတယ် ဒီလိုဖြစ်ရပ်တွေမှာ အဓိက တရားခံ ရောင်းနေတဲ့သူတွေနဲ့ နိုင်ငံတွင်း သယ်လာနေတဲ့သူတွေကို မိအောင်ဖမ်းရမယ်၊ တဆက်တည်း ပညာပေးလုပ်ငန်းတွေပါ လုပ်ဆောင်နေပါတယ်လို့ ပြောဆိုသွားပါတယ်။

ထိုင်းအစိုးရအနေနဲ့ မူးယစ်ဆေးဝါးတွေကို ၆လအတွင်းမှာ စိတ်ကြွဆေး သန်း
၃၀၀လောက် ဖမ်းမိထားသလို အဲဒီထဲက သုံးပုံ ၂ပုံကတော့ ထိုင်းမြန်မာနယ်စပ် က
ဖြစ်တယ်လို့ဆိုပါတယ်။ ထိုင်းမြောက်ပိုင်းကတော့မးူယစ်ဆေးဝါးဝင်ရောက်ရာ လမ်းကြောင်းဖြစ်တာမို့ စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ပြီးနေစဉ်
မပြတ် မူးယစ်ဆေးဝါးတွေကို ဆက်တိုက်နှိမ်နင်းနေပါတယ်။ ဒါအပြင်မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေနဲ့ ထိုင်းစစ်တပ်တို့ဟာ မကြာခဏ ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

မြန်မာမူးယစ်ဂိုဏ်း ထိုင်းရဲဖမ်း
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG