မေလ ၂၅၊ ၂၀၁၉။ မကြာခင်ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ ပြင်ဆင်ချက်နဲ့ပတ်သက်လို့ အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဖက်က ကန့်ကွက်နေကြပါတယ်။ ဒီ ဥပဒေအရ အလုပ်သမားတွေအခွင့်အရေးအတွက် ညှိုနှိုင်းဆောင်ရွက်ရာမှာ အလုပ်သမားတွေဖက်က အခွင့်အရေး နစ်နာဆုံးရှုံးမှုဖြစ်နေတယ်လို့ ယူဆကြပါတယ်။
ဒီအကြောင်း စနေနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ အလုပ်သမားရေးရ ဥပဒေအကြံပေးလည်းဖြစ် လွတ်လပ်သောမြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ကော်မတီဝင်ဖြစ်သူ ဦးဌေးနဲ့ အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့ရဲ့ ဒါရိုက်တာ မသက်သက်အောင်တို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။